၁၀ တန်းအောင်စာရင်းတွေ ထွက်လာခဲ့တော့ မျှော်လင့်ထားသလိုဖြစ်ခဲ့တာရှိတယ်၊ မမျှော်လင့်ထားဘဲ ဖြစ်ခဲ့တာ ရှိတယ်။
ဒီ ရလာဒ်ကို ပြောင်းလဲလို့ မရနိုင်ဘူး။ ပြောင်းလဲလို့ ရနိုင်တာကတော့ ရှေ့ဆက်လျှော်ကမယ့် အနာဂါတ်ပဲဖြစ်ပါတယ်။
မြန်မာပြည်မှာကျောင်းတတ်ချင်လား? နိုင်ငံခြားမှာကျောင်းတတ်မှာလား? ဘယ်လို လုပ်ငန်းခွင်ကို သွားချင်တာလဲ?
တက္ကသိုလ်ဝင်တန်းအောင်မြင်ထားတဲ့ ကျောင်းသား ကျောင်းသူတွေ ကိုယ်တိုင်ရော မိဘတွေရော ကြိုတင်စဉ်းစားထားသင့်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ဒီ မေးခွန်းတွေကို သေချာ မဖြေနိုင်သေးဘူးဆိုရင်တော့ အခု ကျင်းပမယ့် ပွဲကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
အတွေ့အကြုံမျှဝေပေးမယ့် Speaker
ကိုဝင်းကိုကိုအောင်သည် 2009 ခုနှစ် တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိထားသူ ဖြစ်သည်။
မြန်မာအစိုးရ ပညာရေး စနစ်ဖြင့် ကြီးပျင်းလာခဲ့သော်လည်း အမေရိကန်၊ အစ္စရေး အစရှိသည့် နိုင်ငံများသို့ ပညာတော်သင်ဖြင့် သွားရောက်ခဲ့သူ ဖြစ်သည်။
ထို့အပြင် သူသည် PJW Vlog ဖြင့် ထင်ရှားသော လူငယ် Influencer နှင့် စွန့်ဦးတီထွင်သူဖြစ်သည်။
သူဧ။် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလာဒ် အကြောင်းကို Video ဖြင့် မျှဝေထားခြင်းကိုလည်း ကြည့်နိုင်သည်။
ကျွန်တော်တို့ ခေတ်တုန်းက ၁၀ တန်းမှာ ရလာဒ်မကောင်းရင် လူငယ်တစ်ယောက်ရဲ့ ဘဝကြီး ပြီးဆုံးသွားပြီလို့ အုပ်ထိန်းသူတော်တော်များများက ယုံကြည်ခဲ့ကြတယ်။ ကျွန်တော်လည်း ဒီလို မှားယွင်းတဲ့ ယုံကြည်မှုတွေရဲ့ သားကောင် တစ်ယောက်ဖြစ်ခဲ့တယ်။စိတ်မကောင်းစရာက ဒီနေ့ခေတ်မှာလည်း ၁၀ တန်း ရလာဒ်ကို လူငယ်တစ်ယောက်ရဲ့ အနာဂါတ်လို့ မျှော်လင့်နေတဲ့ အုပ်ထိန်းသူတွေ အများကြီးရှိသေးတာကို တွေ့ရတယ်။ ဒီ Video မှာ ကျွန်တော် ၁၀ တန်းပြီးတော့ စာမတော်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ဘာတွေ လေ့လာခဲ့ကို မျှဝေထားတယ်။ လူငယ်တွေကို ပြောချင်တာက ၁၀ တန်းအောင်စာရင်းမှာ ရလာဒ်မကောင်းခဲ့လို့ စိတ်မပျက်ပါနဲ့။ ကျွန်တော် ဘာသာစုံအောင်မှတ်နီးပါးနဲ့ အောင်ခဲ့တာပါ။ အနာဂါတ် အတွက် ကျွန်တော်နဲ့ လာတိုင်ပင်လို့ ရပါတယ်။ သဘောတူတဲ့ သူငယ်ချင်းများ ဒီ Video ကို Share ပြီး ပတ်ဝန်းကျင်က လူငယ်တွေ အတွက် အားဖြစ်အောင် ကူညီပေးကြပါ။ #PJW #ProjectWin PJW Video များ ပိုမိုကြည့်ရန် – https://www.facebook.com/watch/1945337452193378/
Posted by Project Win – PJW Vlog on Monday, June 3, 2019
တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူ ကျောင်းသူ/ကျောင်းသားများနှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ ကျောင်းသူ/ကျောင်းသားများဧ။် မိဘများ တတ်ရောက်သင့်ပါတယ်။
ကြိုတင် စာရင်းသွင်းရန် ဖုန်း: 09-892-064-202, 09-440-799-981