ရန်ကုန်ဓာတ်ပုံပွဲတော်ရဲ့ ပထမဆုံးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၉ရက်နေ့မှာ Goethe Institut ကနေ စတင်မှာပါ။
ရင်သပ်ရှုမောဖွယ် ဓာတ်ပုံပြပွဲတွေ၊ လက်ရွေးစင် ဓာတ်ပုံဇာတ်လမ်းကောင်းတွေ ပိတ်ကားထက် ပြသခြင်းတွေနဲ့ Myanmar Photo Archive နဲ့ Guari Galeri တို့က တင်ဆက်မယ့် ဓာတ်ပုံစာအုပ်တွေကို ကြည့်ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံစာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲများနဲ့ ပိတ်ကားထက် ဓာတ်ပုံဇာတ်လမ်းပြသခြင်းတို့ကို လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ပါတယ်။
ပြပွဲအားလုံးက ဝင်ကြေး “မရှိ”။
“ဓာတ်ပုံစာအုပ်ပြပွဲ”
အချိန်။ ။ ညနေ ၄နာရီခွဲ
“ဓာတ်ပုံပြပွဲများဖွင့်ပွဲ”
အချိန်။ ။ ညနေ ၆နာရီ
“ဓာတ်ပုံဇာတ်လမ်းများအားပိတ်ကားထက်တွင်ပြသခြင်း”
မြန်မာနှင့် နိုင်ငံတကာမှ ဓာတ်ပုံဆရာများ၏ လက်ရွေးစင် ဓာတ်ပုံဇာတ်လမ်းများ
အချိန်။ ။ ညနေ ၇နာရီ