ယခုပွဲလေးကတော့ ၂၀၀၂ ခုနှစ်မှာ ASEAN AWARDS ဆုရခဲ့သည့် Mother & Child စီးရီးပန်းချီကားများကို မြန်မာပြည်မှာ မော်ဒန်ပန်းချီဆရာ ဦးအောင်မြင့်ရဲ့ ပထမဆုံးအကြိမ် တကိုယ်တော်ပြပွဲအဖြစ် ကလသာ ပန်းချီပြခန်းမှာ ပြသသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာသိ မြန်မာပြည်၏ နာမည်ကြီး မော်ဒန်ပန်းချီဆရာ ဦးအောင်မြင့်ရဲ့ တကိုယ်တော်ပန်းချီပြပွဲဖြစ်ပါတယ် ။ ဆရာဦးအောင်မြင့်ဟာ စကာၤပူ ၊ ထိုင်း၊ ဗီယက်နမ် ၊မလေးရှား ၊အင်ဒိုနီးရှား ၊ဂျပန် ၊ ဟောင်ကောင် အစရှိသည့် အာရှနိုင်ငံများသာမက ဂျာမနီ ၊ ပြင်သစ် ၊ ဖင်လန် ၊ အမေရိကန် အစရှိသည့် အနောက်နိုင်ငံများထိပါ ပြပွဲများပြသပြီးခဲ့သော အနုပညာရှင်တစ်ဦးပါ။
The National Art Gallery , Singapore
The National Gallery , Malaysia
Fukuoka Art Museum , Japan
Macau Performance Art Museum , Macau
Vehicle Koc Fuondation , Turkey
Solomon R . Guggenheim Museum , New York , U.S.A အစရှိသည့် နိုင်ငံတကာ ပြတိုက်ကြီးတို့မှလည်း ဆရာ့လက်ရာများကို Museum Collection အဖြစ် စုဆောင်းထားကြပြီး ပုဂ္ဂလိက စုဆောင်းမှုအနေဖြင့် စကာၤပူ မလေးရှား၊ဂျပန် ၊ ထိုင်း၊ ဂျာမနီ၊ နယ်သာလန် ၊ ဟန်ဂေရီ ၊ သြစတေးသျ.၊ အမေရိကန် ၊ ပြင်သစ် အစရှိသည့် နိုင်ငံတကာမှစုဆောင်းသူတို့မှလည်း ဆရာအောင်မြင့်လက်ရာကို စုဆောင်းထားကြပြီးဖြစ်ပါတယ်။