Marketer တစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို သိရှိလိုပါသလား ၊ Cosmetic လောကရဲ့ သဘောတရားတွေကို သိရှိလိုပါသလား ၊ အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေရရှိလိုပါသလား။
အဲလိုဆိုရင် “ဘဝအလှနှင့် အောင်မြင်မှု” ခေါင်းစဉ်နှင့် ဟောပြောပွဲကြီးက သင့်အတွက် ကိုက်ညီမှုရှိစေမှာပါ။
ဟောပြောဆွေးနွေးမယ့်ပုဂ္ဂိုလ်တွေကတော့
– ဒေါက်တာထက်ဇံလင်း (CEO of Hub Myanmar Co., Ltd)
– ဦးမာသင် (Social Entrepreneur)
– ဒေါက်တာသီရိသိန်းကျော် (Executive Director of Beauty Diary)
တို့က မတူညီတဲ့နယ်ပယ်အစုံကနေ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
တက်ရောက်သင့်တဲ့သူများကတော့
– အလှကုန်နယ်ပယ် ကိုဝင်ရောက်ချင်သူတွေ
– အလှကုန်ပစ္စည်းနယ်ပယ်မှာ အလုပ်လုပ်ကိုင်ဖို့စိတ်ဝင်စားသူတွေ
– Professional Marketer တစ်ယောက်ဖြစ်ချင်သူတွေ
– Digital ရေစီးကြောင်း နှင့် ပတ်သတ်ပြီးသိလိုသူတွေ
အနေဖြင့် လက်မလွှတ်တမ်း တက်ရောက်သင့်သော အခမဲ့ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ အလှကုန်ကုမ္မဏီကြီးများမှလည်း လာရောက်ကာ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ကမ်းလှမ်းမည်ဖြစ်သောကြောင့် တက်ရောက်သူများအနေဖြင့် CV Form များယူလာဖို့လည်း မမေ့ကြပါနဲ့။
စိတ်ပါဝင်စားသူ ဘယ်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
– SMS Register- (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်ရာထူး၊ ကုမ္မဏီအမည်နဲ့ Email လိပ်စာတွေကို 09 7800 88 456
– Online Register – https://www.eventbrite.com/e/63946259985
အသေးစိတ် သိရှိမေးမြန်းလိုပါက Hot Line ဖုန်းနံပါတ် 09 7800 88 456 ကို ဆက်သွယ်နိုင်ပါတယ်။