tudio Puppeteer က ဖန်တီးရေးသားထားတဲ့ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံးဖြစ်တဲ့ ဇာတ်လမ်းသွားဂိမ်း“အပြန်လမ်း” ( The Return: Forbidden Throne ) Mobile Game Launching Event ကို အခုလာမဲ့ (19.09.2019) မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ နေရာကတော့ The Yangon Gallery (ပြည်သူ့ရင်ပြင်) မှာပါ။
ဒီပြပွဲလေးမှာ “အပြန်လမ်း” ဂိမ်းကို Team Puppeteer အနေနဲ့ ဘယ်လို ဖန်တီးရေးဆွဲထားကြသလဲဆိုတာကို လေ့လာနိုင်စေဖို့အတွက် Exhibition area ၊ Studio Puppeteer က Games တွေကို စမ်းသပ်ဆော့ကစားနိုင်မဲ့ Game Testing area လေးတွေကို ခင်းကြင်းပြသပေးထားမှာဖြစ်ပါတယ်။
“အပြန်လမ်း” ( The Return: Forbidden Throne ) ရဲ့ Updated New Version ကိုတော့ ( 23 Sep 2019 ) မှာ စတင်ဆော့လို့ရမှာပါ။
Version အသစ်ကို official download မရသေးခင် ဦးဦးဖျားဖျား စမ်းသပ်ဆော့ကစားနိုင်မဲ့ အခွင့်အရေးလည်း ရရှိနိုင်မှာဖြစ်တဲ့အတွက် Studio Puppeteer က Games တွေကို အမြဲ စောင့်မျှော် အားပေးကြတဲ့ Gamer များအားလုံးနဲ့၊ ဂိမ်းဖန်တီးရေးသားခြင်းအပေါ် စိတ်ပါဝင်စားကြတဲ့ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် အောက်ပါလင့်ခ်မှာ Registration Form လေးဖြည့်ထားလို့ရပါတယ်။
(online Registration လုပ်ထားပြီး တက်ရောက်လာသူတွေအတွက်အထူးစီစဉ်ထားတာလေးတွေရှိပါတယ်။)
https://docs.google.com/forms/d/1ukWB_MxoXJzMJojSFddYjn0vklkGG7c47KLieZg2swk/edit?fbclid=IwAR0lNGd66ioGdPLRqjcDolDM_-szEr9M2toYbuVgfEc86j2dqk2vOe_ud3U
ဒီပြပွဲလေးကို Myanmar Game Industry ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်ရေးအတွက် ရှေးရှုပြီး ရည်ရွယ်ပြုလုပ်ရခြင်းလည်းဖြစ်ပါတယ်။
မြန်မာ ဂိမ်းစတူဒီယို တစ်ခုက ဖန်တီးထားတဲ့ မြန်မာဂိမ်းတွေ ကို လာရောက်လေ့လာ ဆော့ကစားပြီး Myanmar Game Industry Development အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်အားဖြည့်နိုင်ဖို့ အားလုံးကို ဖိတ်ကြားအပ်ပါတယ်။