ကမ္ဘာကြီးတိုးတက်လာတာနဲ့အမျှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာလည်း လိုက်ပြီးတော့ တိုးတက်နေပါတယ်။ တစ်ဆက်တည်းမှာပဲ စိုက်ပျိုးမွေးမြူရေး ကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး တစ်ခုလည်း ဖြစ်ပါတယ်။ မိတ်ဆွေက ဒီကဏ္ဍမှာ ပိုပြီးတိုးတက်အောင်၊ အကျိုးအမြတ်တွေပိုမို ဖြစ်ထွန်းအောင် ၊နည်းစနစ်မှန်မှန်နဲ့ အလေအလွင့်တွေမရှိအောင် နည်းပညာကိုအသုံးပြုပြီး ဖြေရှင်းဖို့ စိတ်အားထက်သန်သူ တစ်ယောက်ဖြစ်တယ်ဆိုရင် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်မယ့် Agri-Tech Ideation with Design Thinking ပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
မြန်မာနိင်ငံရှိ စိုက်ပျိုးမွေးမြူရေး ကဏ္ဍရဲ့ လက်ရှိစိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ဘာတွေလည်း အခွင့်အလမ်းတွေကရော ဘာတွေရှိလည်း နောက်ပြီး နည်းပညာသုံးပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကဘာတွေလည်း စတဲ့အကြောင်းအရာတွေကို workshop ပုံစံဖြင့် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
ဘာသာစကား ၊ မြန်မာ
အချိန် ၊ ဇွန် ၁၃ ရက် ၊ ညနေ ၅ နာရီခွဲ
နေရာ ၊ Proximity Designs |အမှတ် ၂၄ ဆရာစံ လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
Agri-Tech Ideation with Design Thinking ပွဲကို တက်ရောက်ဖို့ ဒီလင့်ခ် http://bit.ly/2WmdEU3 မှာ Register လုပ်ပါ။