• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Ai ခေတ်ရဲ့ ပညာရေး : ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ

  • Home
  • >> Conference>>
  • Ai ခေတ်ရဲ့ ပညာရေး : ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ

AI ခေတ်မှာ ကျွန်တော်တို့သင်ထားတဲ့ပညာတွေက အသုံးဝင်နိုင်ပါတော့မလား?
၂၁ရာစုရောက်လာတဲ့အချိန် နည်းပညာတွေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အစရှိတဲ့ နယ်ပယ်အသီးသီးကို အလျင်အမြန်နဲ့ဝင်ရောက်နေရာယူလာပြီပဲဖြစ်ပါတယ်။
တိုးတက်လာတဲ့ နည်းပညာတွေထဲကမှ အလျင်အမြန်ကြီးထွားလာပြီး အနာဂတ်လူသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ခြိမ်းခြောက်နေတဲ့ Artificial Intelligence (လူလုပ်မှတ်ဉာဏ်/ မှတ်ဉာဏ်တု) လို့ခေါ်တဲ့ နည်းပညာတစ်ခုပဲဖြစ်ပါတယ်။
လူတွေရဲ့ လုပ်ဆောင်မှုတွေကို အစားထိုးနိုင်ယုံမကပဲ ပိုမိုကောင်းမွန်လျင်မြန်စွာလုပ်ဆောင်လာနိုင်တဲ့ AI တွေရဲ့ ခေတ်မှာ ကျွန်တော်တို့ သမားရိုးကျ လုပ်ဆောင်နေတဲ့ လုပ်ငန်းခွင်တွေ၊ သင်ယူနေတဲ့ ပညာရပ်ဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ကျွန်တော်တို့ဆုံးဖြတ်ချက်ချတဲ့ပုံစံတွေ ပြောင်းလဲလာနိုင်ပါတယ်။
လုပ်ငန်းခွင်တွေမှာ ဘယ်လိုတွေပြောင်းလာနိုင်မလဲ? လူတွေ အလုပ်လက်မဲ့ဖြစ်လာမှာလား? အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ဘယ်လိုကျွမ်းကျင်မှုတွေကို လေ့လာရမလဲ?
ပညာရေးဆိုင်ရာတွေမှာရော ဘယ်လိုတွေပြောင်းလဲလာနိုင်မလဲ? ကျောင်းသူ/ ကျောင်းသားတွေ အနေနဲ့ လေ့လာသင်ယူမည့်ပုံစံတွေကရော? ဆရာတွေရဲ့ သင်ကြားပြသမှုဆိုင်ရာတွေကရော?
AI တွေက လူတွေရဲ့ ဆုံးဖြတ်ချတဲ့ အပိုင်းတွေအထိ လွမ်းမိုးလာတော့မှာလား အစရှိသဖြင့် AI နဲ့ပတ်သက်ပြီးတော့ နည်းပညာရှင်တွေ နဲ့ လူတွေကြားမှာ သဘောထားကွဲလွဲမှုတွေအများကြီးဖြစ်ပေါ်နေပါတယ်။
AI ခေတ်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာ အစရှိတဲ့နယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ ပုဂ္ဂိုလ်များမှ ဆွေးနွေးဟောပြောသွားမည်/
ဒီပွဲကို ဘယ်သူတွေတက်သင့်လဲ?
မိမိတို့ရဲ့ ကလေးတွေရဲ့ အနာဂတ်/ ပညာရေးတွေ အတွက်ပြင်ဆင်ပေးနေတဲ့ မိဘတွေ၊ ကျောင်းသူ/ ကျောင်းသားတွေ နဲ့ အနာဂတ်လုပ်ငန်းခွင်တွေအကြောင်းလေ့လာချင်နေတဲ့/ အနာဂတ်အတွက် ဘယ်လို Skillset တွေကို လေ့လာချင်နေတဲ့ လုပ်ငန်းခွင်ထဲက အရွယ်ရောက်ပြီးသူအားလုံးတက်ရောက်သင့်ပါတယ်။
အခမဲ့ စာရင်းပေးသွင်းရန်- http://bit.ly/EduAiEra


Ai ခေတ်ရဲ့ ပညာရေး : ၂၀၂၀အလွန်ဘာတွေဖြစ်လာမလဲ

အောက်တိုဘာလ ၂၀ရက်နေ့ နေ့လည် (၁)နာရီမှ (၄)နာရီအထိ Novotel Yangon Max 459 Pyay Road, Kamayut Tsp, Yangon

Organized By

Kaplan Myanmar University College - KMUC

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်