ရန်ကုန် ဘားကမ့် ကို နှစ်တိုင်းလုပ်လာခဲ့တာ ဒီနှစ်နဲ့ ဆိုရင်တော့ ၁၀ နှစ်ရှိသွားပါပြီ။ ဒီနှစ်မှာတော့ ခါတိုင်းနှစ်တွေနဲ့ မတူတဲ့ အစီအစဉ်လေးတွေ နည်းနည်းလုပ်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၅ ၁၆ စနေတနင်္ဂနွေ ၂ရက်
MICT Park မှာ ကျင်းပသွားမှာ ဖြစ်ပြီး
===
အစီအစဉ် ၁.
နှစ်စဉ်နှစ်တိုင်း Conference Hall မှာ လူများလေ့ရှိတော့ Conference Hall မှာ အချိန်ယူပြီးတော့ ပြောချင်တဲ့ လူတွေလည်း များတတ်ပါတယ်။ အဲဒီတော့ ဒီနှစ်ဘားကမ့်မှာ Conference Hall ကို ခါတိုင်းလို မဟုတ်ဘဲ မိနစ် ၂၀ စာ အချိန်ပိုင်း သေးသေးလေးတွေ ပေးထားပါတယ်။
—
အစီအစဉ် ၂.
အစပိုင်း ဖွင့်ပွဲပြီးရင် Topic Board မှာ လူပြုံပြီး အခန်းယူဖို့ ဝိုင်းကြိုးစားကြပါတယ်။ တချို့က ကိုယ်ယူချင်တဲ့ အချိန် မရတာတို့ ဘာတို့ ဖြစ်တတ်တော့ ဒီနှစ်မှာ ကြိုပြီးတော့ ယူချင်တဲ့ အချိန်နဲ့ ခေါင်းစဉ်တွေကို ကြိုတင် register ပြီး ဘိုကင်ယူထားလို့ရပါမယ်။
—
အစီအစဉ် ၃.
ပြီးတော့ အိုင်တီနယ်ထဲက ကိုယ့်ကိုယ်ပိုင် ဖန်တီးမှုတွေကို ပြသဖို့အတွက် Community Corner ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ နောက်ခံ Vinyl တွေကိုတော့ ကိုယ်တိုင် ထုတ်လာရမှာဖြစ်ပြီး မင်းဒင်ခန်းမှာ တော့ပစ် အတွက် အချိန်ရမှာဖြစ်ပါတယ်။ အရှေ့က ပွဲကျင်းပရာ နေရာမှာတော့ ခုံတလုံးနဲ့ နေရာတခု စီစဉ်ပေးမှာ ဖြစ်ပါတယ်။
—-
ဒါတွေ အပြင် တခြားတခြားသော ထူးခြားဆန်းကြယ်သော အစီအစဉ်တွေ ရှိသေးလို့ အခုပဲ Register ကြိုလုပ်ကြရအောင် …
“ပွဲ ပဲတက်မယ်” ဆိုရင် [https://register.barcampyangon.org/](https://register.barcampyangon.org/) မှာ Register လုပ်ပေးပါ။