Building Bridges Yangon: New Media Art Exhibition
ဆက်နွယ်ပေါင်းကူးမှုများ တည်ဆောက်ခြင်း
New Media Art နိုင်ငံတကာ အနုပညာပြပွဲ
ပြပွဲစီစဉ်သူ Sai Htin Linn Htet နှင့် Ushmita Sahuတို့က Emergent Art Space၊ My Yangon My Home အနုပညာအမွေအနှစ် ပွဲတော် နှင့် Turquoise Mountain တို့နှင့် ပူးပေါင်း စီစဉ်တင်ဆက်သည်။
နိုင်ငံတကာက မြို့များစွာမှာ ကျင်းပခဲ့တဲ့ Bulding Bridges Exhibition ဟာ မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပါပြီ။
Building Bridges Yangon နိုင်ငံတကာ အနုပညာပြပွဲဟာဆိုရင် အသက်၃၀ အောက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက လူငယ် အနုပညာရှင်များ ဖန်တီးပုံဖော်ထားတဲ့ အနုပညာမီဒီယမ်များစွာပါဝင်သော ဆက်နွယ်ပေါင်းကူးမှှုများ တည်ဆောက်ခြင်းနဲ့ သက်ဆိုင်တဲ့ခေတ်ပြိုင်ဖန်တီးမှှုများကို ပြသမည်ဖြစ်ပြီး့ ဒီဂျစ်တယ်ဂရပ်ဖစ် အနုပညာ (digital graphic art)၊ လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယိုများ (experimental videos)၊ မာတီမီဒီယာ (Multimedia)၊ လက်တွေ့စမ်းသပ်မှုအခြေပြု အင်စတော်လေးရှင်းများ (experimental installations)၊ ဓာတ်ပုံပညာ(photography)၊ ဆူညံသံအခြေပြု အနုပညာ (experimental noise art)၊ Augmented Reality အစရှိတဲ့ အမျိုးအစားစုံလင်သော ခေတ်ပြိုင်အနုပညာလက်ရာအသစ်တွေကို အလေးပေးပြသသွားမှာဖြစ်ပါတယ်။
၁၉၀၅ ခုနှစ်က ဆောက်လုပ်ထားပြီး Turquoise Mountain က ရှေးမူမပျက် ပြန်လည်မွမ်းမံထားတဲ့ ဟိုတယ်နှင့်ခရီးသွား အဆောက်အဦးဟောင်း မှာ ကျင်းပမှာဖြစ်ပြီး လာရောက်ကြည့်ရှှုအကဲဖြတ်ပေးပါရန် ဖိတ်ခေါ်လိုက်ပါတယ်။