အလွတ်တန်းပညာရှင်များအတွက် မိတ်ဆွေတို့ရဲ့အရည်အချင်းများကိုပိုမိုတိုးတတ်ကောင်းမွန်လာစေဖို့ ရည်ရွယ်ပြီးတော့ ချိတ်ဆက်ကနေ ကျင်းပပေးလေ့ရှိတဲ့ Capacity Development Series ရဲ့ အပိုင်း(၃)ကိုပြန်လည်ရောက်ရှိလို့လာပါပြီ။
ယခုတစ်ခေါက်ချိတ်ဆက်နဲ့အတူလက်တွဲပူးပေါင်းပြီးတော့ ပြောကြားသွားမယ့် အဆင့်မြှင့်နည်းပညာ ပလက်ဖောင်း ကဖြစ်တဲ့ Amazon Web Service (AWS) Users Group Myanmar ပဲဖြစ်ပါတယ်။
ဝေမျှပေးသွားမဲ့ အကြောင်းအရာလေးတွေကတော့
Core Services များထဲမှ လူသုံးအများဆုံး Compute Service တစ်ခုဖြစ်တဲ့ EC2 ပလက်ဖောင်း ၊ Simple Storage Service (S3) နှင့် Identity & Access Management တို့အကြောင်း စသည်ဖြင့် နည်းပညာပိုင်းဆိုင်ရာအလွတ်တန်းပညာတစ်ဦးအနေနဲ့ သိရှိသင့်တဲ့ဗဟုသုတများကို ပြောကြားပေးသွားမည့် အပြင် Creating a static e-commerce website on AWS ဆိုပြီး လက်တွေ့ practice တွေလည်း ပြသသွားမှာ ဖြစ်ပါတယ်။
ထို့အပြင် ချိတ်ဆက်အဖွဲ့သားများကလဲ www.chatesat.com မှာ အလွတ်တန်းပညာရှင်တစ်ယောက်အဖြစ် အောင်မြင်စွာရပ်တည်နိုင်ပြီးတော့ ပရောဂျက်များစွာရရှိအောင်ဘယ်လိုကြိုးစားရယူနိုင်မလဲဆိုတာကိုပါ
မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
ဒီပွဲကိုတတ်ရောက်ဖို့စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ဒီ https://forms.gle/CQ1tCC28Q1s2rKh3A လေးမှာ register လေးလုပ်ထားနိုင်ပါတယ်။