ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ
ပြန်ကြားရေးဝန်ကြီးဌာန နှင့်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ “ကလေးစာပေပွဲတော်” ကို (27-1-2017) မှ (29-1-17)ထိ(၃)ရက် တိုင်တိုင် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ မန္တလေးမြို့ (၇၃)လမ်း မင်္ဂလာမန္တလေး Ocean Center ၏တောင်ဘက်ရှိ (MIIT ) မြန်မာ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင်ကျင်းပမည်ဖြစ်ပါသည်။ *မည်သူမဆို အခမဲ့ ဝင်ရောက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ပါသည်။ *ကလေးစာပေပွဲတော်မှာ ကလေးများအတွက် ဥာဏ်ရည်ဥာဏ်သွေးနဲ့အယူအဆတွေ ထက်မြက်လာစေဖို့ တီထွင်ဖန်တီးလိုစိတ်တွေရင့်သန်လာစေဖို့ တို့အတွက် Game တွေကစားလို့ရမယ် စကားပုံတွေဆက်ကြမယ် ပုံကားချပ်တွေနဲ့အရုပ်ဆက်ကြမယ် Teamကစားကြမယ် နည်းပညာနဲ့ပတ်သက်တာတွေလေ့လာလို့ရမယ် ဒါတွေကို သူငယ်ချင်းတွေနဲ့တူတူပျော်ကြဖို့ “ကလေးစာပေပွဲတော်”ကို အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ။*ကလေးတွေ စာပေနဲ့ရင်းနှီးပြီး စာဖတ်ဝါသနာပါလာစေဖို့ရယ် ကလေးစာပေတွေဖွံ့ဖြိုးတိုးတက်ပေါ်ထွန်းလာစေဖို့ရယ်တို့အတွက်ကလေးစာပေ စာအုပ်တွေပြသပေးထားမှာဖြစ်သလို ကလေးစာပေစာအုပ်တွေကိုလည်း ရောင်းပေးသွားမှာဖြစ်ပါတယ်။*ကလေးများအတွက် “ကလေးစာပေပွဲတော်“ကို ဖိတ်ခေါ်ပါတယ်။