နှစ်နှစ်တာ ပြုပြင်မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအပြီးတွင် ဟိုတယ်နှင့်ခရီးအဆောက်အဦကို စက်တင်ဘာလ ၁၄ရက်နှင့် ၁၅ရက်တွင် ပထမဆုံးအကြိမ်အဖြစ် အများပြည်သူများအတွက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ရိုးရာအထည်အလိပ်များ၊ ရွှေထည်လက်ဝတ်ရတနာများနှင့် ယွန်းထည်များအပါအဝင် မြန်မာနိုင်ငံ၏အလှပဆုံးသော လက်မှုလက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။ လက်မှုပစ္စည်းများကို ကြည့်ရှုဝယ်ယူနိုင်မည်ဖြစ်ပြီး ကလေးများအတွက် ကစားပျော်ရွှင်စရာများလည်း စီစဉ်ထားပါသည်။
မြန်မာ့လက်မှုပညာရှင်များနှင့် လာရောက်တွေ့ဆုံပြီး ၎င်းတို့၏ ဖန်တီးမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို လေ့လာနိုင်ရန်နှင့် သမိုင်းဝင် ဟိုတယ်နှင့်ခရီးအဆောက်အဦအား ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ် ဓာတ်ပုံမှတ်တမ်းကို လေ့လာကြည့်ရှုနိုင်ရန် လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါသည်။