• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Colourful 100Plus Zumba Tour at MEBC

  • Home
  • >> အားကစားပွဲ>>
  • Colourful 100Plus Zumba Tour at MEBC

လာမဲ့ စနေနေ့ မှာ ပြုလုပ်မဲ့ Coloful Zumba Tour ပွဲလေးကတော့ ခေတ်သစ်ပျိုမေ နဲ့ အိပ်မက်ဆုံရာ ရာသက်ပန်မှာ သင်ကြားပြသပေးနေတဲ့ Zumba Instructor မမိုးချစ်က ဦးဆောင်ပြီး အားလုံးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကခုန်မဲ့ ပွဲလေးပါ။ ဆရာမမိုးချစ်ဟာ နိုင်ငံတကာ အသိအမှတ်ပြု Zumba လိုင်စင်ကို ဘန်ကောက်မြို့နဲ့ သြစတြေးလျမြို့မှာ သွားရောက်သင်ကြားပြီး ဆရာဖြစ်လိုင်စင်ကို တရားဝင်ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီပွဲလေးကို 100 plus နဲ့အတူတူ ပူးပေါင်းပြီးလုပ်ထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့ Zumba Tour လို့ နာမည်ပေးထားတာလဲဆိုတော့ ဆရာမ မိုးချစ်က တစ်ပတ်တစ်ကြိမ် မတူညီတဲ့ မြို့နယ်မှာရှိတဲ့ Gym (သို့) Outdoor နေရာတွေမှာ အားလုံးနဲ့တူတူ ပျော်ရွှင်ကျန်းမာစွာ လေ့ကျင့်ခန်းလုပ်ပြီး ကနိုင်ဖို့ လှည့်လှည်ပြီး tour လုပ်ပေးမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ ဒုတိယအကြိမ်မြောက် tour ကို တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ MEBC မှပြုလုပ်မှာဖြစ်ပါတယ်။ နောက်အပတ်တွေမှာလည်း ဘယ်နေရာ ဘယ်မြို့နယ်မှာလုပ်မလဲဆိုတာကို ရင်ခုန်စွာ စောင့်စားကြပါနော်။ မည်သူမဆို ပါဝင်နိုင်တဲ့ အစီအစဉ်လေးပါ။

Zumba ဆိုတာ ဘာလဲလို့ မေးတဲ့သူတွေ၊ မသိသေးတဲ့သူတွေအတွက်။ Zumba ဆိုတာ ဘယ်သူမဆို လိုက်ပြီးကနိုင်အောင်လို့ တီထွင်ထားပြီး Latin music အခြေခံထားတဲ့ Dance Fitness Program တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူကခုန်ရလို့ အရမ်းကို ပျော်စရာကောင်းပြီး Calories တွေကိုလည်း လောင်ကျွမ်းစေပါတယ်။ စင်ပေါ်မှာ ကပြနေတဲ့ Instructor ကိုကြည့်ပြီးတော့ အတူတူ လိုက်ကရုံပဲ၊အကအခြေံရှိစရာ၊ ကတတ်စရာမလိုပါဘူး။ အားလုံးပဲ ပါတီမှာ ခုန်ကြပေါက်ကြ ကကြသလို ဒီ Zumba ဆိုတဲ့ ကျန်းမာရေးအကဟာလည်း ပါတီတက်သလို ခံစားသွားစေရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာပျော်ရွှင်ရုံသာမက စိတ်ဖိစီးမှုကိုလည်း ပပျောက်စေပြီး သူငယ်ချင်းအသစ်တွေလည်း တိုးစေပြီး ဒီပွဲလာဖို့ လက်မှတ် ဝယ်တယ်ဆိုရင် အကျီင်္ နဲ့ 100 plus အချိုရည်လက်ဆောင်တွေလည်းရမှာဆိုတော့ အရမ်းကိုတန်မှတန်ပဲ။ လက်မှတ်ကြိုဝယ်ထားဖို့ အခက်အခဲရှိတယ်ဆိုရင် ပွဲလာတဲ့နေ့မှာပဲ တစ်ခါတည်းဝယ်ပြီး တစ်ခါတည်း ပါဝင်နိုင်ပါတယ်။

နေ့ရက် နဲ့ အချိန်- စနေနေ့မနက် ၉း၃၀-၁၀း၃၀
နေရာ- MEBC (Myanmar Entertianment Business Center)
အမှတ် ၂၈၃၊ ဗြဟ္မစိုရ် ၄/၆ လမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့။
Hotline ဖုန်း- 09 261 566 355, 09 261 566 335

ဝင်ကြေးလက်မှတ် -၅,၀၀၀ ကျပ် (အကျီင်္ နဲ့ 100 plus အချိုရည်လက်ဆောင်ရမည်)
လက်မှတ်ဝယ်ယူရန်နေရာ- MEBC (Myanmar Entertianment Business Center)
လူဦးရေ ၄၀ သာကန့်သတ်ထားလို့ အမြန်ဝယ်ယူဖို့ မမေ့နဲ့နော်။

မှတ်ချက်- အားကစားဖိနပ်စီးလာဖို့နဲ့ လှုပ်ရှားရလွယ်ကူပြီး ပေါ့ပါးတဲ့ အဝတ်အစားဝတ်လာဖို့ လိုအပ်ပါတယ်။


Colourful Zumba Tour at MEBC

Myanmar Entertainment Business Center ၃ ဇွန် ၂၀၁၇၊ နံနက် ၉း၃၀ နာရီမှ ၁၀း၃၀ နာရီ။

Hosted by

MEBC

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်