• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Disclosure | Photo Exhibition Opening

  • Home
  • >> ဓါတ်ပုံပြပွဲ>>
  • Disclosure | Photo Exhibition Opening

DISCLOSURE” ဓာတ်ပုံပြပွဲသည် ရန်ကုန်အခြေစိုက် အမျိုးသမီးဓာတ်ပုံရိုက်ကူးသူများအဖွဲ့ “သူမ” (Thuma Collective) ၏ အဖွဲ့ဝင် ၅ ဦးဖြစ်သည့် ခင်ကြည်ထက်၊ ရီတာခင်၊ ရွှေဝတ်မှုံ၊ တင်ထက်ပိုင် နှင့် ယုယုမြင့်သန်း တို့၏ ဓာတ်ပုံလက်ရာများကို တင်ဆက်ပြသထားပါသည်။ လူသားအချင်းချင်းကြားက ဆက်ဆံရေးများ၊ စိတ်ခံစားမှုများနှင့် အများနှင့်ဆိုင်သော ဖြစ်တည်မှုများ စသည့် မတူညီသော အကြောင်းအရာအမျိုးမျိုးကို အခြေတည်ထားသော ဓာတ်ပုံဇာတ်လမ်းများကို ယခုသုံးပတ်တာ ဓာတ်ပုံပြပွဲတွင် ပြသသွားပါမည်။ ယခုပြပွဲသည် “သူမ” အဖွဲ့၏ ဒုတိယမြောက် အဖွဲ့လိုက်ဓာတ်ပုံပြပွဲ ဖြစ်သည်။ ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက အဖွဲ့၏ ပွဲဦးထွက် “Us & Beyond” ဓာတ်ပုံပြပွဲကို ပြုလုပ်ခဲ့ကြပါသည်။

ယခုပြပွဲကို Foundation for a Just Society က ထောက်ပံ့ပေးထားပြီး Myanmar Deitta Gallery က ကူညီပံ့ပိုးပေးထားပါသည်။

ဖွင့်ပွဲ
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၁၉။ ညနေ ၆ နာရီ ၃၀ မိနစ်။

ပြပွဲနေ့ရက်များ
စက်တင်ဘာလ ၂၈ ရက်၊ ၂၀၁၉ မှ အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၉ အထိ။

ပြပွဲနေရာ
မြန်မာဒိဌပြခန်း
အမှတ် ၁၃၀၊ ဘိုကလေးဈေးလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်၊။

“သူမ” အဖွဲ့အကြောင်း
“သူမ” အဖွဲ့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့သည်။ ဓာတ်ပုံဇာတ်လမ်းများ ရိုက်ကူးသည့် အလေ့အကျင့်ကို မြှင့်တင်ပေးရန်၊ လူမှုဝန်းကျင်ရှိ အကြောင်းအရာအမျိုးမျိုးတို့ကို အမျိုးသမီးများ၏ အမြင်ဖြင့် ရိုက်ကူးတင်ဆက်နိုင်ရန်နှင့် ဓာတ်ပုံပညာကို စိတ်ဝင်စားသော အမျိုးသမီးများ ဓာတ်ပုံကို ဘာသာစကားတခုအဖြစ် အသုံးပြုကာ သူတို့နှင့် လူမှုအသိုင်းအဝိုင်းအတွက် အရေးပါသော အကြောင်းအရာများကို တင်ဆက်ရိုက်ကူးနိုင်စေရန် အားပေးလိုခြင်း စသည့် ရည်မှန်းချက်များနှင့် အမျိုးသမီးသီးသန့်ဓာတ်ပုံအဖွဲ့ “သူမ” ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


Disclosure | Photo Exhibition Opening

စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ညနေ(၆)နာရီခွဲမှ ည(၈)နာရီခွဲ Myanmar Deitta 130 Bogalayzay Road, Yangon

Organized By

Thuma Collective and Myanmar Deitta

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်