• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Divergence Conceptual and Performance Art Exhibition

  • Home
  • >> အနုပညာပြပွဲ>>
  • Divergence Conceptual and Performance Art Exhibition

Divergence lll လို့အမည်ပေးထားတဲ့ Conceptual Photo Exhibition ကိုပြုလုပ်လာတာဆိုရင် ဒီနှစ်ဆို သုံးနှစ်တိုင်တိုင်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။ယခုနှစ်မှာတော့ ဓါတ်ပုံ သီးသန့်ပြပွဲမျိုး မဟုတ်ပဲ အနုပညာရှင် (၁၆) ယောက်ရဲ့ယခင်နှစ်တွေနဲ့မတူ တစ်မူထူးခြားထားတဲ့လက်ရာတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။သုံးနှစ်ဆက်တိုက်ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေအချို့လည်းပါဝင်ပြသနိုင်ခဲ့ကြသလို အကြောင်းအမျိုးမျိုးကြောင်မြပါဝင်ဖြစ်တဲ့ အနုပညာရှင်တွေလဲရှိခဲ့ပါတယ်။သို့သော်လည်း ယခုနှစ် မျိုးဆက်သစ်လူငယ်အနုပညာရှင်တွေရဲ့လက်ရာတွေကိုတော့မြင်တွေ့ရမှာဖြစ်ပါတယ်။ Divergence လို့အမည်ပေးထားတဲ့အတိုင်း ဒီပြပွဲမှာကမ္ဘာလောက စကြာဝဋ္ဌာ ထဲမှာရှိတဲ့ သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးအခြေအနေ…လူသားတွေရဲ့ လူနေမှုအဆင့်အတန်း…စိတ်နေသဘောထား…လူတစ်ဦးတစ်ယောက်ချင်းကသတ်မှတ်ထားတဲ့သဘောထားကွဲလွဲမှု…သဘာဝပါတ်ဝန်းကျင်အနေအထား… စတာတွေအပေါ် အနုပညာရှင်တစ်ဦးချင်းစီရဲ့နောက်ကွယ်ကမတူညီတဲ့အတွေးအခေါ်…အယူအဆ…ခံယူချက်…သဘောထားများနှင့်အတူ ခေတ်ရေစီးကြောင်းနှင့်အညီ အနုပညာကို မည်သို့မည်ပုံ ချဉ်းကပ်ထားသည်ကိုလည်းတွေမြင်ကြရမှာပါ။
New Zero မှ အနုပညာရှင်များ၏လက်ရာများကို လူငယ်တွေရဲ့အင်အားနဲ့လူုကြီးတွေရဲ့ဦးဆောင်မှုနှင့်အတူPerformance,Installation,Photo,Video, Sound Art အစရှိတဲ့ အနုပညာလက်ရာများ အဖြစ်ပါဝင်ပြသထားပါတယ်။ Divergence 1 နှင့် 2 ကို New Zero Art Space တွင်ကျင်းပခဲ့ပြီး ယခုနှစ်မှာတော့ ကွဲပြားတဲ့နေရာ ကျယ်ဝန်းတဲ့ အခန်းအပြင်အဆင်တွေထဲမှာ မတူညီတဲ့ လက်ရာတွေကို ပြသချင်တဲ့ရည်ရွယ်ချက်ဖြင့် လောကနတ်ပြခန်းမှာပြုလုပ်ခဲ့ပါတယ်။နှစ်စဉ် တစ်နှစ်ထက်တစ်နှစ် မတူညီတဲ့ လောကသဘာဝ အကျိုးအကြောင်းတရားတွေကို မတူညီတဲ့ဤ အနုပညာရှင် (၁၆) ယောက်မှ ဖော်ထုတ်ပြသထားတဲ့အနုပညာလက်ရာတွေအဖြစ် ယခုပွဲမှာလည်း မျက်ဝါးထင်ထင်တွေ့မြင်ကြရမှာဖြစ်ပါတယ်။


Divergence Conceptual and Performance Art Exhibition

အောက်တိုဘာလ ၉ရက်နေ့မှ ၁၃ရက်နေ့အထိ မနက် (၁၀)နာရီမှ ညနေ(၅)နာရီ လောကနတ် ပန်းချီပြခန်း Corner Of Pansodan And mercant Road, Yangon

Organized By

New Zero Art Space

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်