• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

ပန်းခင်းပွဲတော် (၂ဝ၁၇)

  • Home
  • >> ပြပွဲများ>>
  • ပန်းခင်းပွဲတော် (၂ဝ၁၇)

ပန်းခင်းပွဲတော် (၂ဝ၁၇) ကို ရန်ကုန်မြို့ ဗဟန်းမြို့ နယ် မြေပဒေသာ ဥယျာဉ်အတွင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၁၂ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အများပြည်သူများ ပန်းမန်အလှစိုက်ပျိုး ခြင်းကို လက်တွေ့လေ့ လာနိုင်စေ ရန်နှင့် စိုက်ပျိုးနည်းပညာရပ်များ ဖြန့်ဝေပေး နိုင်ရန်၊ ဒေသနှင့် ကိုက်ညီသော ပန်းမန် မျိုးသစ်များ အရည်အသွေး ကောင်းမျိုး များကို ပြောင်းလဲစိုက်ပျိုး ထုတ်လုပ်နိုင် စေရန်၊ မိမိအိမ်ခြံဝင်းအတွင်း ပန်းမန် အလှပင်များ တစ်နိုင် တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေနှင့် စိတ်အပန်းဖြေမှု ရရှိစေရန် တို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် AGA Agro Co, Ltd. တို့ ပူးပေါင်း၍ ပန်းခင်းပွဲတော် (၂ဝ၁၇) ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပန်းခင်းပွဲတော်တွင် ရာသီပန်းအမျိုး အစား ၂ဝ၊ ဟင်းခတ်အမွှေး အကြိုင် ခုနစ်မျိုး၊ ဟင်းသီးဟင်းရွက်မျိုးသစ် နှစ်မျိုးနှင့် အပင်နှစ်သောင်းကျော်ရှိ အခြား စိတ်ဝင်စားဖွယ်ရာ သီးနှံမျိုးစုံ တို့ကို စိုက်ပျိုးပြသထားမည် ဖြစ်ကြောင်းသိရသည်။

ပြပွဲသို့ လာရောက်လေ့လာသော အများပြည်သူများအတွက် မိမိတို့ နှစ်သက်ရာ မျိုးစေ့ ပျိုးပင်၊ စိုက်ပျိုးရေးသုံး ဆေးများ၊ မြေသြဇာများ၊ ပံ့ပိုးပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူ ရရှိနိုင်စေရန်နှင့် လေ့လာနိုင် ရန်အတွက် ပညာပေး အရောင်းဆိုင်ငယ်များ ဖွင့်လှစ်ထားရှိ ပေးသွားမည်ဖြစ်ပြီး ပြပွဲကာလအတွင်း လာရောက် လေ့လာသူများအား အခြေခံ စိုက်ပျိုးနည်းပညာများ ဆွေးနွေးပြသ ပေးခြင်း၊ ပန်းအလှထိုးနည်းနှင့် သစ်သီးပုံ ဖော်နည်းများ သရုပ်ဖော်ပြသခြင်း တို့ကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

Source

မြေပဒေသာဥယျာဉ်

ပန်းခင်းပွဲတော် (၂ဝ၁၇)

၇ မှ ၁၂ ဇန်နဝါရီ ၂၀၁၇၊ နံနက် ၉ နာရီမှ ညနေ ၆ နာရီ။ ရန်ကုန်မြို့ ဗဟန်းမြို့ နယ်မြေပဒေသာဥယျာဉ်

Organized by

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်