• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Fibonacci Tour: Mathematics in Nature

  • Home
  • >> ပညာရေးဟောပြောပွဲ>>
  • Fibonacci Tour: Mathematics in Nature

သင်္ချာလို့ပြောလိုက်ရင် အတွက်အချက်ပညာတစ်ခု အဖြစ်အများက လက်ခံထားကြပါတယ်။ သချာင်္ပညာဟာ အသုံးတည့်တယ်၊ လက်တွေ့ဆန်တယ်၊ သချာင်္ပညာရဲ့ ဆန်းကြယ်တဲ့တွေ့ရှိချက်တွေကလည်း အလွန်ပဲ မှင်သက်ဖို့ ကောင်းလှပါတယ်။ သချာင်္ပညာဟာ အတွက်အချက်သာမကပဲ အတွေးအခေါ်ကိုလည်း များစွာ တိုးတက်စေတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ အမေရိကန်သင်္ချာပညာရှင် Arthur Benjamin က သူ့ရဲ့ အယူအဆကို The Magic of Math: Solving for x and Figuring Out Why အမည်နဲ့ စာအုပ်ထုတ်ဝေရေးသားခဲ့ဖူးပါတယ်။ အမေရိကန်တက္ကသိုလ် Connect Institute မှာတော့ ဇူလိုင်လ ၂၇ ရက်နေ့မှာ သချာင်္ပညာကို သဘာဝတရားထဲမှာ ရှာဖွေမယ့် Fibonacci Tour: Mathematics in Nature ကိုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လူငယ်လူရွယ်များအတွက် သချာင်္နှင့် လေ့လာမှုစွမ်းအားများပိုမို တိုးတက်လာစေရန် ရည်ရွယ်ပြီး Connect Institute မှာ College Maths သင်ကြားပေးဖို့အတွက် ရောက်ရှိနေတဲ့ သချာင်္ပညာရှင် Steve Pattenden ကဦးဆောင်ပြီး ဒီ Fibonacci Tour ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အထက်တန်းအောင်ပြီး လူငယ်များ အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ Fibonacci ဆိုတာဟာ သချာင်္ပညာရဲ့ လှပတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ဖြစ်ပါတယ်။ Fibonacci Series တွေမှာတော့ နောက်ဂဏန်းတစ်လုံးဖြစ်ပေါ်ခြင်းဟာ ရှေ့ဂဏန်း ၂ လုံးပေါင်းခြင်း နဲ့ညီမျှပါတယ်။ ဥပမာအားဖြင့် 1, 1, 2, 3, 5, 8, 13, 21, 34, 55, 89, 144,… ကိန်းစဉ် များဖြစ်ပါတယ်၊ အီတလီသချာင်္ပညာရှင် Fibonacci ကတွေ့ရှိခဲ့တာဖြစ်တဲ့အတွက် အစွဲပြုခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ သဘာဝတရားထဲမှာ ရှိတဲ့ sequences တချို့ဟာ Fibonacci သဘောတရားအတိုင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ သစ်ပင်များရဲ့ အကိုင်းအခက်ဖြာထွက်ပုံ၊ ပင်စည်တစ်ခုမှ အရွက်၊ နာနတ်သီးတစ်ခုရဲ့ အခွံမှ အစက်အပြောက်လေးများ ဖြစ်ပေါ်နေတဲ့အစီအစဉ်၊ ယုန်တစ်ကောင်မွေးဖွားလာမှု biological series ကနေပြီး လှပတဲ့ Pattern များ၊ သချာင်္ပညာမှာ ဆိုရင်လည်း Pascal ရဲ့ Triangle၊ အဲဒီအပြင် သဘာဝတရားတွေထဲမှာ အလှပဆုံး ratio လို့ အသိအမှတ်ပြုထားတဲ့ Golden Ratio နဲ့ ဘယ်လို ဆက်စပ်မှုတွေရှိနေတယ် ဆိုတာကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သဘာဝထဲမှာ Fibonacci Series တွေကို ကိုယ်တိုင်ရှာဖွေရတဲ့ Activities တွေလည်း လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ Connect Institute ရဲ့ Fibonacci Tour: Mathematics in Nature ကို ဇူလိုင်လ ၂၇ ရက်၊ ညနေ ၃ နာရီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Fabonacci Tour မှာ အခမဲ့စာရင်းသွင်းဖို့အတွက် ၀၉ ၇၇ ၉၀၀၀ ၉၀၀ မှာစုံစမ်းမေးမြန်းနိုင်ပါတယ်။


Suite 3, Pansodan Business Tower, Corner of Anawrahta Road and Pansodan Street 11182 Yangon


⏰ ဇူလိုင်လ ၂၇ ရက်၊ ညနေ ၃နာရီ။ ? Suite 3, Pansodan Business Tower, Corner of Anawrahta Road and Pansodan Street, 11182 Yangon

ORGANIZED BY

Connect Institute

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်