• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

ရှာဖွေသူ စာပေပြဇာတ်

  • Home
  • >> စာပေပွဲတော်>>
  • ရှာဖွေသူ စာပေပြဇာတ်

ရှာဖွေသူ
စာပေပြဇာတ်
ဇာတ်လမ်း၊ ဇာတ်ညွှန်း – လင်းဦးနိုင်
ဒါရိုက်တာ – ကဲဆုသာ
သရုပ်ဆောင် – မအိ၊ စည်သူအောင်၊ စိုးမိုး၊ လင်းမောင်
ဇာတ်ကြောင်းပြော – အိန္ဒြာ
*** ၀င်ကြေးအခမဲ့ ****

ပြဇာတ် စာပေကို ငတ်မွတ်နေကြတဲ့ မိတ်ဆွေများအတွက် ခေတ်ပြိုင် စာပေပြဇာတ်တစ်ပုဒ်ကို Yangon Book Plaza မှာ တင်ဆက်ကပြတော့မှာ ဖြစ်ပါတယ်။
နို်င်ငံတကာစာပေလောကမှာတော့ ပြဇာတ်စာပေဆိုတာ ထင်ရှားတဲ့ စာပေအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြောင်းကြောင်းကြောင့် ပြဇာတ်စာပေဟာ ထင်သလောက် ထင်ရှားကျော်ကြားခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ပြဇာတ်အများစုဟာလည်း ရှေးခေတ် အရေးအသား တင်ပြပုံများနဲ့သာ ပြဇာတ်များ ကပြလေ့ရှိပါတယ်။
“ ရှာဖွေသူ” စာပေပြဇာတ်ကတော့ နိုင်ငံတကာက စာပေပြဇာတ်များမှာ တင်ဆက် ပြသလေ့ရှိတဲ့ ပုံစံများအတိုင်း ခေတ်ပြိုင် ပြဇာတ်အနေနဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။
အဆိုပါနေ့မှာပဲ ဈေးကွက်အတွင်း ဖြန့်ချိထားခြင်း မရှိသေးတဲ့ြ လင်းဦးနိုင်ရဲ့ ရှာဖွေသူ ပြဇာတ်စာအုပ်ကိုလည်း ငါတို့စာပေကနေ ဦးဦးဖျားဖျား ရောင်းချပေးသွားဦးမှာပါ။ စာအုပ်တန်ဖိုးကတော့ ၁၅၀၀ ကျပ်တည်း ဖြစ်ပါတယ်။
ပြဇာတ်ကပြမယ့်နေရာကလည်း Yangon Book Plaza ထဲက မင်းသမီးကော်ဖီဆိုင်မှာ ဖြစ်တဲ့အတွက် စနေနေ့ ညနေအားလပ်ချိန်လေးကို ထူးထူးခြားခြား တင်ဆက်မယ့် ခေတ်ပြိုင် ပြဇာတ်လေး ခံစားရင်း ကော်ဖီပူပူလေးနဲ့အတူ ဖြတ်သန်းဖို့ စာပေမိတ်ဆွေများကို ဖိတ်ခေါ်အပ်ပါတယ်။
ဝင်ကြေး အခမဲ့ဖြစ်ပြီး နေရာ အခက်အခဲမရှိစေရန် Register ပြုလုပ်ကာ နေရာ ဦးထားနိုင်ပါတယ်။ Register ကိုတော့ ဖုန်း ၀၉၇၆၇၀၁၉၉၂၆ သို့ဆက်သွယ်ပြီး ဖြစ်စေ၊ ယခုပေ့ခ်ျသို့ မက်ဆေ့ပေးပို့ပြီး ဖြစ်စေ ဆက်သွယ်ကာ ပြုလုပ်နိုင်ပါတယ်။
ပြဇာတ်ကမယ့် အချိန်နဲ့နေရာကနေရာကတော့

နေ့ရက် – 27.5.17 ( SAT)
အချိန် – ညနေ ၅နာရီခွဲ ( 5:30 PM)
နေရာ – Yangon Book Plaza
ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ (၁၇လမ်းဝင်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါတယ်)


Yangon Book Plaza

ရှာဖွေသူ စာပေပြဇာတ်

Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ ၂၇ မေ ၂၀၁၇၊ ညနေ ၅း၃၀ နာရီ။

Organized by

We Distribution, Yangon Book Plaza, ငါတို့စာပေ

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်