ပထမဆုံး အကြိမ်အနေနဲ့ CCI France Myanmar – ပြင်သစ်-မြန်မာ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနဲ့ City Mart Holiding Limited တို့ ပူးပေါင်းပြီး BIODERMA ရဲ့ အကူအညီဖြင့် French Fair ကို သြဂုတ်လ ၁ ရက်နေ့မှ ၁၅ရက်နေ့ အထိ ၁၅ရက်တိုင်တိုင် အောက်ပါ နေရာများမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
– ဓမ္မစေတီလမ်းပေါ်ရှိ marketplace ရွှေတောင်ကြား နဲ့
– ပြည်လမ်း ၆မိုင်ခွဲမှာ ရှိတဲ့ ၆မိုင်ခွဲ marketplace
French Fair ပြုလုပ်နေစဉ်ကာလတလျှောက်လုံးမှာ ပြင်သစ်ဈေးအသေးလေးလိုပုံစံမျိုးကို အထက်ပါ Marketplace ၂ခုလုံးမှာ ကုမ္ပဏီ၁ခုလျှင် ကိုယ်ပိုင်ကောင်တာတခုစီဖြင့် ပါဝင်ပြသတဲ့ ပြင်သစ်အမှတ်တံဆိပ် ကုန်စည်များကို လူအများပိုမိုသိရှိသုံးစွဲနိုင်စေရန် ရည်ရွယ်ပါတယ်။ ပါဝင်ပြသမယ့် ကုမ္ပဏီများကတော့ Annam Group, Arc International, Bioderma, Cellar Door, Garnier, L’Oreal နဲ့ Tefal တို့ပဲ ဖြစ်ပါတယ်။
ပြင်သစ်ကုန်ပစ္စည်းများကို သုံးရင် ၂၀% အထိ လျှော့ဈေးများကို ရယူနိုင်မှာဖြစ်ပါတယ်။