• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

French Institute Open House Day

  • Home
  • >> ပျော်ပွဲရွှင်ပွဲ>>
  • French Institute Open House Day

ပြင်သစ်ယဉ်ကျေးမှုဌာန၏ အစီအစဉ်များ အခွင့်အလမ်းများအကြောင်း မိတ်ဆက်ပွဲနှင့်
ယဉ်ကျေးမှုအမွေအနှစ်များနှင့် တီထွင်ဆန်းသစ်မှုများ

စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်ဆင်နွှဲနိုင်ပါသည်။

စက်တင်ဘာလ ၂၈ ရက် (စနေနေ့) တွင် ပြင်သစ်ယဉ်ကျေးမှုဌာနသည် ပြင်သစ်ဘာသာစကား သင်တန်းများ၊ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းများ၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် ယဉ်ကျေးမှုပွဲအစီအစဉ်များအကြောင်းတို့ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြင်သစ်ယဉ်ကျေးမှုအမွေအနှစ်များဆိုင်ရာ ပျော်ရွှင်ရင်ခုန်စရာ အခမဲ့ အစီအစဉ်လှုပ်ရှားမှုများ ဝေဝေဆာဆာဖြင့် အများပြည်သူများ လေ့လာနိုင်ရန် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

မြန်မာနှင့် ပြင်သစ် ယဉ်ကျေးမှုအမွေအနှစ်များအကြောင်း စိတ်ဝင်တစားရှိပြီး ပြင်သစ်ယဉ်ကျေးမှုဌာန၏ တစ်နေ့တာ အစီအစဉ်များမှာ ပါဝင်ဆင်နွှဲမည်ဆိုလျှင် ဆုလက်ဆောင်များ ရရှိနိုင်ဦးမည် ဖြစ်ပါသည်။

ယင်းအပြင် ပြင်သစ်နိုင်ငံရှိ နော်ထရာဒမ်းဘုရားကျောင်းကြီးနှင့် ဗာဆိုင်းနန်းတော်ကို အလည်သွားချင်သည့် မိတ်ဆွေများအတွက် မျက်မြင်ပုံရိပ်ယောင် (VR) တင်ဆင်မှုများမှတစ်ဆင့် မိမိမျက်စိနှင့် မျက်မြင်ကိုယ်တွေ့ကြုံရသည့်အတိုင်း မြန်မာနိုင်ငံတွင်ပင် ခံစားရရှိနိုင်ရန်လည်း စီစဉ်ထားပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာန၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ရှေ့လာမည့် ပွဲအစီအစဉ်များနှင့် ပတ်သက်၍ မိတ်ဆွေများ သိရှိလိုသည့် အကြောင်းအရာများအားလုံးကို ဖြေကြားပေးရန်လည်း အမေးအဖြေအစီအစဉ်လည်း ရှိမည်ဖြစ်ပါသည်။

ပြင်သစ်သံလုံးပစ်ကစားနည်း (ပေတွန်းရိုက်)ကို စိတ်ဝင်စားသည့် မိတ်ဆွေများအတွက်လည်း ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းအတွင်း ပေတွန်းရိုက်ကွင်း ပြန်လည်ဖွင့်လှစ်ထားပြီး ဖြစ်သည့်အတွက် လာရောက်ကစားရန် ဖိတ်ခေါ်အပ်ပါသည်။

အစီအစဉ်

မနက် ၁၀း၀၀
ဝင်းတံခါးများ ဖွင့်လှစ်ခြင်း

မနက် ၁၀း၃၀ မှ ၁၂း၀၀
ဌာန၏ ပွဲအစီအစဉ်များနှင့် ပညာရေးအခွင့်အလမ်းများအကြောင်း ရှင်းလင်းတင်ပြခြင်း

၁၂း၀၀ မှ ၁း၀၀
ပြင်သစ်ယဉ်ကျေးမှုဌာနရှိ @Parasol တွင် ပြင်သစ်ဘူဖေးဖြင့် တည်ခင်းဧည့်ခံခြင်း

၁း၀၀ – ၃း၀၀
မျက်မြင်ပုံရိပ်ယောင်၊ ပေတွန်းသံလုံးရိုက်၊ ဆုလက်ဆောင်များ၊ မိတ်ဘက်အဖွဲ့အစည်းများ၏ နေရာများနှင့် ဂိမ်းများပါဝင်သည့် လှုပ်ရှားမှုများနှင့် ကစားနည်းများ

ပြင်သစ်ယဉ်ကျေးမှုဌာနရှိ Parasol စားသောက်ဆိုင်က မိတ်ဆွေများအတွက် ပြင်သစ်စားသောက်ဖွယ်ရာများကို ဘူဖေးတည်ခင်းသွားမည် ဖြစ်ပြီး
မိတ်ဘက်အဖွဲ့အစည်း Rangoun Accueil ကလည်း ရန်ကုန်မြို့တွင်း ပျော်ရွှင်ဖွယ်အခြေချခြင်း အကြောင်းများကို အကြံကောင်းများ ပေးသွားမည်ဖြစ်ကာ
La Boulangerie Française – Yangon ကလည်း အရသာရှိလှသည့် စားချင်စဖွယ် ပြင်သစ်ကိတ်၊ ပတ်ဖ်နှင့် ဘားဂတ်ပေါင်မုန့်တို့ကို တည်ခင်းသွားမည် ဖြစ်ပါသည်။


French Institute Open House Day

စက်တင်ဘာ ၂၈ရက်နေ့ (စနေနေ့)၊ မနက် (၁၀)နာရီ မှ နေ့လည် (၃)နာရီ Institut français de Birmanie 340, Pyay Road, Sanchaung Township, Yangon

Organized By

Institut français de Birmanie and French Embassy in Myanmar / Ambassade de France en Birmanie

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်