For Your Health For Your Beauty page ရဲ့ co-founder ဖြစ်တဲ့ ဒေါက်တာ စိမ့်စမ်းဖြူမှ မိမိကိုယ် မိမိ ယုံကြည်ချက်ရှိဖို့အတွက် ကျန်းမာရေးနှင့် နေ့စဉ်လှုပ်ရှားသွားလာတဲ့အပြုအမှုတွေ ရှောင်ရန်၊ ဆောင်ရန် တွေကို နောက်အပတ် တနင်္လာနေ့၁၀ ရက်နေ့တွင် Babett Yangon/ Hotel G Yangon မှာ ပြောကြားမျှဝေပေးသွားမှာဖြစ်ပါတယ်။ အဓိက ပြောကြားသွားမဲ့ အကြောင်းအရာတွေကတော့ Body shape ကိုပျက်စီးစေတဲ့ အစားအသောက် နှင့် နေထိုင်ပုံ၊ အသားအရေကို အိုမင်းလွယ်စေတဲ့ အ ပြုအမှုတွေ၊ ဆံကေသာ ပြဿနာများကို ဖြစ်စေတဲ့ အမှုအကျင့်တွေ၊ Skin၊ Hair care နှင့် supplements တွေအရွေးမှား အသုံးမှားတဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ အစရှိသည်များကို မျှဝေသွားမှာဖြစ်ပါတယ်။
Register ပြုလုပ်ရန်: https://bit.ly/2MvO4aY
ဒေါက်တာ စိမ့်စမ်းဖြူဟာ အပတ်စဉ်၊ လစဉ် Good Health Journal နဲ့ အာရောဂျံမဂ္ဂဇင်းမှာ ကျန်းမာရေးဆောင်းပါးတွေ ပုံမှန်ရေးလျက်ရှိပြီး လုံးချင်းဝတ္ထုပေါင်း ၆ အုပ်ထွက်ရှိထားပါတယ်။ လက်ရှိတွင် fyh fyb page အပါအဝင် DVB, BBC စသည့် media များတွင်လည်း ကျန်းမာရေးနှင့်အလှအပဆိုင်ရာ အသိပညာပေးပြောကြားခြင်း၊ စာပေဟောပြောခြင်း၊ ကျန်းမာရေး training များ ပို့ချခြင်း၊ ဆေးကုသခြင်း၊ စာရေးခြင်း၊ Myanmar Cosmetic Association တွင် Skin နှင့်ပတ်သက်၍ သင်ကြားပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါတယ်။