• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Growth Strategies in Business

  • Home
  • >> Conference>>
  • Growth Strategies in Business

“Growth Strategies in Business” အခမဲ့ဟောပြောပွဲ

ကုမ္ပဏီအများစုဟာ စီးပွားရေးတိုးတက်လာစေရေးအတွက် အရောင်းကိုမြှင့်တင်ကြတယ်၊ အမြတ်အစွန်းတွေများလာအောင်လုပ်ကြပါတယ်။
ကုမ္ပဏီတွေ စီးပွားတိုးတက်ရေးအတွက် အရေးပါတဲ့အခြေခံနည်းဗျူဟာ ၄ ခုရှိပါတယ်။
၁. ဈေးကွက်ထိုးဖောက်ရေး၊
၂. ဈေးကွက်တိုးချဲ့ရေး၊
၃. ကုန်ပစ္စည်းတိုးချဲ့ရေးနဲ့
၄. Diversification and Acquisition ဆိုပြီးဖြစ်ပါတယ်။

ဒီနည်းဗျူဟာလေးချက်ကို အခြေခံပြီး သင့်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရေးအတွက် လက်တွေ့အသုံးချနိုင်ပါတယ်။

ရိုးရိုးရှင်းရှင်းစဉ်းစားရမယ်ဆိုရင် Growth Strategy ဆိုတာက အမျိုးမျိုးသော Strategy တွေကိုအတူတကွပူးပေါင်းလိုက်ပြီး အကောင်းမွန်ဆုံးရလဒ်ကို ဖော်ဆောင်ပေးနိုင်တယ် ဆိုပြီးအဓိပ္ပာယ်သက်ရောက်ပါတယ်။

Business Growth မှာလည်း Startup, Rampup, Expansion နဲ့ Maturity ဆိုပြီး အဆင့်လေးဆင့်ရှိပါတယ်။

Business Growth နယ်ပယ်မှာလည်း သင့်ကုမ္ပဏီကဘယ်အဆင့်ကိုရောက်နေပြီလဲ။
ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ ဦးခင်မောင်ဝင်းတို့ ဟောပြောမယ့်Growth Strategies in Business ဆိုတာ ဘာလဲ။
ကိုယ့်ကုမ္ပဏီအတွက် အကိုက်ညီဆုံးဖြစ်မဲ့ Strategy ကဘာလဲ။

ဒါတွေကိုသိချင်တယ်၊ လေ့လာချင်တယ်၊ နားထောင်လိုတယ်ဆိုရင် ဒီ “Growth Strategies in Business” ဆိုတဲ့ခေါင်းစဉ်နဲ့ အခမဲ့ဟောပြောပွဲကို လာရောက်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက် – ၂၄ရက်၊ သြဂုတ်လ၊ ၂၀၁၉ (စနေနေ့)။
အချိန် – မွန်းလွှဲ ၁:၃၀ မှ ညနေ ၄:၀၀ အထိ။
နေရာ – မင်္ဂလာခန်းမ၊ UMFCCI၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

အခမဲ့ပွဲလေးဖြစ်တာကြောင့် စိတ်ပါဝင်စားသူမည်သူမဆို နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။
စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အောက်ပါနည်းလမ်းတွေထဲက တစ်ခုခုကိုသုံးပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Online Register >>> http://bit.ly/2YmzDq2

SMS Register >>> 09 968 557560/ 09 785 606060 (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ Email လိပ်စာ နှင့် တက်ရောက်လိုသောပွဲခေါင်းစဉ်တို့ကို Message ပေးပို့ပါရန်)

အသေးစိတ် သိရှိမေးမြန်းလိုပါက Hotline ဖုန်းနံပါတ် တွေဖြစ်တဲ့ 09 968 557 560 နှင့် 09 785 606 060 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


Growth Strategies in Business

သြဂုတ်လ ၂၄ရက် စနေနေ့ ၂၀၁၉ မွန်းလွှဲ (၁)နာရီ ခွဲမှ ညနေ (၄)နာရီ မင်္ဂလာခန်းမ၊ UMFCCI၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

Organized by

Myanmar B2B Management Magazine

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်