• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Swagger အဖွဲ့၏ “အလယ်မှာ” – အကတင်ဆက်မှု

  • Home
  • >> ဖျော်ဖြေရေးပွဲ>>
  • Swagger အဖွဲ့၏ “အလယ်မှာ” – အကတင်ဆက်မှု

Swagger အဖွဲ့၏ “အလယ်မှာ” အမည်ရှိ အကတင်ဆက်မှု

ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့အစီအစဉ် ပွဲတော်၏ အစီအစဉ်တရပ်အနေဖြင့် ပြင်သစ်ယဉ်ကျေးမှုဌာနမှ Swaggers Hip Hop အကအဖွဲ့အား ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တင်ဆက်မှုများပြုရန် ဖိတ်ကြားထားပါသည်။

ဟစ်ပ်ဟော့ဂီတနှင့် အကသည် ခက်ခဲလှပြီး အကောင်းဆုံးသူများသာ ရှင်သန်ရပ်တည်နိုင်စွမ်းရှိသည့် အနုပညာတစ်ရပ် ဖြစ်ပါသည်။ Marion Motin
(ဦးဆောင်အကပညာရှင်) သည် ဤအကတင်ဆက်မှုဖြင့် အမျိုးသားများသာ
ကြီးစိုးထားသည့် ဟစ်ပ်ဟော့လောက၌ အမျိုးသမီးများအတွက်လည်း
နေရာတစ်ခုရှိသည်ကို ထင်ရှားစေပါလိမ့်မည်။

Motinသည် ကကွက်များအား ရုပ်ရှင်ဇာတ်လမ်းတစ်ခုကဲ့သို့ ဖန်တီးထားပြီး
ပရိတ်သတ်များအား နှုတ်ဖြင့်မပြောဘဲ ရုပ်ပုံများ၊ ပြကွက်များဖြင့်သာ
နှစ်ခြိုက်ကျေနပ်သွားစေရန် တင်ဆက်သွားပါမည်။ အလင်းရောင်များ
ကစားမှုသည် ဤတင်ဆက်မှု၏ အသက်ဖြစ်ပါသည်။ Motin သည်
မီးမောင်းများကို ကင်မရာမီးရောင်ကဲ့သို့ ဖန်တီးကာ ပရိတ်သတ်များ ကိုယ်တိုင်
တင်ဆက်မှုထဲရောက်နေသည်ဟု ခံစားရလာအောင် ကြိုးပမ်းသွားပါလိမ့်မည်။
ဂန္တဝင်ဂီတမှ ဟစ်ပ်ဟော့အထိ အကနယ်ပယ်ပေါင်းစုံ၌
ထူးချွန်ပညာရှင်တစ်ယောက်ဖြစ်သော Motin သည် နိုင်ငံတကာ
ပေါပ့်အဆိုကျော်များဖြစ်ကြသည့် Madonna၊ Stromae နှင့် Christine and
the Queen တို့နှင့် အနုပညာလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ကြာမြင့်ချိန် – ၆၀ မိနစ် | အသက်အရွယ်မရွေး ကြည့်ရှုနိုင်ပါသည်။

ကြိုတင်လက်မှတ်များကို reservation@institutfrancais-birmanie.com တွင် မှာယူနိုင်ပါသည်။

မေလ ၂၃ရက် (အင်္ဂါနေ့) | ည ၈နာရီ
အမျိုးသားဇာတ်ရုံ (ရန်ကုန်)
လူကြီး – တစ်သောင်းကျပ် | ကျောင်းသားနှင့် အသက် ၁၆နှစ်အောက် – ငါးထောင်ကျပ်

ဦးဆောင်အကပညာရှင်: Marion Motin
ရိုက်ကွင်းမန်နေဂျာနှင့် အသံအင်ဂျင်နီယာ : Joris Fistolet
အလင်းအင်ဂျင်နီယာ : Judith Leray
ထုတ်လုပ်သူ : Nathalia Kloos
အကပညာရှင်များ : Julie Moreau, Laura Defretin, Oumou Sy, Diana Akbulut, Lydie Alberto, Carmel Loanga, Ghizlaine Terraz.
အဝတ်အစားဒီဇိုင်း : Anaïs Durand
အလင်း : Judith Leray
ထုတ်လုပ်ရေး : Association Swaggers et Marie Barrot
———————

Swaggers အဖွဲ့၏ “အလယ်မှာ” အကမတိုင်မီ အဖွင့်တင်ဆက်မှု

၂၀၁၆ Myanmar Got Talent ဆုရှင်၊ Myanmar Street Dance
အဖွဲ့တည်ထောင်သူ Jimmy Ko Ko သည် Lucy Krobova နှင့်အတူ
ရန်ကုန်မြို့တွင် တင်ဆက်သွားပါမည်။

“တွေ့ရတာဝမ်းသာပါတယ်” အမည်ရကကွက်အား Jimmy Ko Ko နှင့် Lucy
Krobova တို့ ပူးပေါင်းဖန်တီးကာ Swaggers အဖွဲ့၏ “အလယ်မှာ”
အကမတိုင်မီ အဖွင့်ကကွက်အဖြစ် တင်ဆက်သွားပါမည်။ အရှေ့တိုင်းနှင့်
အနောက်တိုင်းမှ ကွဲပြားသော ကကွက်များ ပေါင်းစပ်ထားသည့်
ခေတ်ပြိုင်ကကွက်ဆန်းကို မြန်မာအကပညာရှင်နှင့် အနောက်တိုင်းအကပညာရှင်တို့ ဖန်တီးတင်ဆက်သွားကြမည် ဖြစ်ပါသည်။

မေလ ၂၃ရက် (အင်္ဂါနေ့) | ည ၈နာရီ
အမျိုးသားဇာတ်ရုံ (ရန်ကုန်)

Jimmy Ko Ko အကြောင်း
Jimmy Ko Ko သည် Myanmar Street Danceအဖွဲ့၏ ဦးစီးဦးဆောင်ဟောင်းတစ်ဦးဖြစ်ပြီး ၎င်းပိုင်ဆိုင်ထားသည့် အကရုံမှာ မြန်မာနိုင်ငံတွင် လူသိများပါသည်။ Myanmar’s Got Talent 2016 ဆုကို ရရှိထားပြီး စင်ကာပူနိုင်ငံမှ အကဒီပလိုမာကိုလည်း ရရှိထားပါသည်။ အကနယ်ပယ်တွင် ဆယ်နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီး ရန်ကုန်တွင် လူသိများသည့် Project_ K အဖွဲ့၏ မန်နေဂျာလည်း ဖြစ်ပါသည်။ ကနည်းကဟန်များမှာ ဘရိတ်ဒန့်စ်၊ ဘဲလေးနှင့် ခေတ်ပြိုင်ကကွက်များကို ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်ပါသည်။

Lucy Krobova အကြောင်း
Lucy Krobová သည် ချက်သမ္မတနိုင်ငံသူတစ်ဦးဖြစ်ပြီး ခေတ်ပြိုင်အကတွင် တစ်ဘဝတာ မြုပ်နှံထားသူဖြစ်ပါသည်။ ခုနှစ်နှစ်သမီးအရွယ်မှစ၍ စတင်ကခဲ့ပြီးအကပညာရပ်ပေါင်းစုံသာမက ဇာတ်သဘင်နှင့် ကာယအလှပညာတို့ကို သင်ယူလေ့လာခဲ့ပါသည်။ အတွေ့အကြုံပေါင်းစုံ ရခဲ့ပြီးဖြစ်သည့် Lucy သည် ရန်ကုန်တွင် အကသင်တန်းများ ဖွင့်လှစ်နေပြီး မြန်မာနိုင်ငံ၌ ခေတ်ပြိုင်အကအတွက် နေရာတစ်ခုဖန်တီးပေးလိုသည့် မျှော်လင့်ချက်ရှိပါသည်။

———————

ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့ အစီအစဉ်များ (LA FRENCH TOUCH) အကြောင်း
ယမန်နှစ်က အောင်မြင်မှုများရရှိခဲ့သည့် ဆန်းသစ်တီထွင် အကနှင့် ဆပ်ကပ်သွင်ပြင် (FRENCH MAY)ပွဲတော်ပြီးနောက် ယခုနှစ်တွင် ဆန်းသစ်တီထွင်
ပြင်သစ်အထိအတွေ့ အစီအစဉ်များ (LA FRENCH TOUCH)အား ပြင်သစ်ယဉ်ကျေးမှုဌာနက ဂုဏ်ယူဝမ်းမြောက်စွာ ထပ်မံတင်ဆက်လိုက်ရပါသည်။
လာမည့် မေလနှင့် ဇွန်လများတွင် အကောင်းမွန်ဆုံးသော ပြင်သစ်ယဉ်ကျေးမှုများကို ဆောင်ကြဉ်းလာမည့် ပွဲအစီအစဉ်များအား စောင့်မျှော်ရှုစားလှည့်ပါ။ ရန်ကုန်နှင့် မန္တလေးတို့အား ခေတ်နှင့်အမီလိုက်နေသော ယဉ်ကျေးမှုပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းနေသည့် မြို့ကြီးများအဖြစ် အဆင့်မြှင့်တင်ပေးမည့် သရုပ်ဖော်အနုပညာများ၊ မီဒီယာနှင့် နည်းပညာအသစ်အဆန်းများ (မျက်မြင်ပုံရိပ်ယောင် – Virtual Reality)၊ ရုပ်ရှင်နှင့် ဂီတတင်ဆက်မှုများအား ပြုလုပ်သွားမည် ဖြစ်ပါသည်။

အသေးစိတ်ကို www.institutfrancais-birmanie.com/Lafrenchtcouh တွင် ကြည့်ရှုနိုင်ပါသည်။


အမျိုးသားကဇာတ်ရုံ

Swagger အဖွဲ့၏ "အလယ်မှာ" - အကတင်ဆက်မှု

၂၃ မေ ၂၀၁၇၊ ည ၈း၀၀ နာရီ မှ ၉း၃၀။ အမျိုးသားကဇာတ်ရုံ

Organized by

Institut Français de Birmanie

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • All Categories
  • Conference
  • Festival
  • Job Fair
  • Myanmar Literature Talks
  • Playground
  • ကုန်စည်ပြပွဲ
  • စာပေပွဲတော်
  • စာပေဟောပြောပွဲ
  • စားသောက်ကုန်ပြပွဲ
  • စာအုပ်ဈေးပွဲတော်
  • ဓါတ်ပုံပြပွဲ
  • ပညာရေးပွဲတော်
  • ပညာရေးဟောပြောပွဲ
  • ပန်းချီပြပွဲ
  • ပျော်ပွဲရွှင်ပွဲ
  • ပြပွဲများ
  • ဖျော်ဖြေရေးပွဲ
  • ရုပ်ရှင်ပွဲတော်
  • လူမှုရေးပွဲ
  • ဟောပြောပွဲ
  • အနုပညာပြပွဲ
  • အလုပ်အကိုင်ပြပွဲ
  • အားကစားပွဲ
  • အိမ်ခြံမြေပြပွဲများ
  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်