ဂျပန်ဖောင်ဒေးရှင်းသည် တိုကျိုအခြေစိုက် နာမည်ကြီးမြန်မာဒီဇိုင်နာ Shibuya Zarny ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Art Center နှင့် ပူးပေါင်း၍ မြန်မာ-ဂျပန်ချစ်ကြည်ရေး ပန်းချီပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာ ဂျပန်ဖောင်ဒေးရှင်း ယဉ်ကျေးမှုစင်တာတွင် ပြုလုပ်ကျုင်းပသွားမည် ဖြစ်ပါသည်။ ဤပန်းချီပြပွဲသည် မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ် ၂၀၁၉ ခုနှစ်၏ အထိမ်းအမှတ်ပွဲတစ်ခုအနေဖြင့် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာပန်းချီဆရာများ၏ စိတ်ကူးအမြင်များမှ ဂျပန်အလှတရားများကို ပုံဖော်ခြယ်မှုန်း ရေးဆွဲထားသည့် လက်ရာများကို ပြသသွားမည်ဖြစ်ပါသည်။
Myanmar Art Center မှ ပန်းချီဆရာများဖြစ်သည့် မန်းဇာဟိန်း၊ နိုင်ကြီး၊ နီပိုဦးနှင့် ပန်းချီကြည်သိန်းတို့၏ လက်ရာများကို မြင်တွေ့ရမည်ဖြစ်ပြီး ဒီဇိုင်နာ Shibuya Zarny ၏ နာမည်ကြီးဒီဇိုင်းများကိုလည်း ပြသထားမည်ဖြစ်ပါသည်။ လာရောက်ကြည့်ရှုကြဖို့ ဖိတ်ခေါ်ချင်ပါသည်။