ဈေးကွက်နောက်မလိုက်ဘဲ ဈေးကွက်ကိုဦးဆောင်လိုသူတွေအတွက် Duwun ကစီစဉ်ကျင်းပမယ့် Leading The Market စကားဝိုင်းဆွေးနွေးပွဲ
အပြောင်းအလဲမြန်တဲ့နည်းပညာခေတ်ကြီးထဲမှာ သုံးစွဲသူတွေရဲ့အကြိုက်တွေကလည်း အချိန်နဲ့အမျှပြောင်းလဲလို့ နေပါတယ်။
ဒီလိုအချိန်မျိုးမှာ ဈေးကွက်နောက်ကိုဘဲလိုက်နေမယ်ဆိုရင် သူများတွေထက်ခြေတစ်လှမ်းအမြဲနောက်ကျနေမှာဖြစ်ပြီး ကိုယ်ကဈေးကွက်ရဲ့ဦးဆောင်သူနေရာမှာရှိနေမှသာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်ထဲမှာရေရှည်ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။
ဈေးကွက်ကိုဦးဆောင်နိုင်ဖို့ဆိုတာအားလုံးရဲ့စိတ်ကူးအိပ်မက်ဖြစ်ပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ အတွက်ဆိုရင် ကျွမ်းကျင်မှု၊ အသိပညာနဲ့အတွေ့အကြုံတွေများစွာပြည့်စုံနေဖို့လိုပါတယ်။ ဒီအတွက် ဈေးကွက်ဦးဆောင်မှု နဲ့ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးတွေက Management Level ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အတွေ့အကြုံ၊ဗဟုသုတတွေ၊ အသိပညာတွေကိုမျှဝေပေးသွားမယ့် စကားဝိုင်းဆွေးနွေးပွဲတစ်ခုကို အခမဲ့တက်ရောက်နိုင်မယ့် အခွင့်အရေးတစ်ခုရှိနေပါတယ်။
အဲဒါကတော့ မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာဖြစ်တဲ့ Duwun မှစီစဉ်ကျင်းပမယ့် Duwun Talk – Leading The Market စကားဝိုင်းဆွေးနွေးပွဲပါပဲ။
ဒီစကားဝိုင်းဆွေးနွေးပွဲကိုပါဝင်ဆွေးနွေးမည့်သူများကတော့ Shwe Pyi Nan Company Limited ရဲ့ Managing Director ဦးဝင်းနိုင်၊ Grab မှ Head of Sale & Business Development ကိုမင်းထွန်းလှမော် ၊ Huawei Myanmar မှ Director of Sale မခင်ရတနာဝင်း ၊ Loreal Myanmar ၏ Marketing Manager မခင်ပန်းအိမွန် နှင့် Moderator အဖြစ်ပါဝင်ဆောင်ရွက်မည့်သူကတော့ Duwun Media ၏ Head of Business Development မမြပြည့်စုံဖြစ်ပါသည်။
ဒီစကားဝိုင်းဆွေးနွေးပွဲကို လာမယ့် ဇူလိုင်လ၊ ၃၁ ရက်နေ့မှာ NCRC Hall, National Management Degree College ဗိုလ်တထောင် မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆိုအခမဲ့တက်ရောက်နိုင်မှာပါ။