• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

စာချစ်သူတို့ စကားဝိုင်း

  • Home
  • >> စာပေပွဲတော်>>
  • စာချစ်သူတို့ စကားဝိုင်း

ဆရာမြသန်းတင့် ပရိသတ်များကို သတင်းကောင်းပေးပါရစေခင်ဗျာ

ဆရာ ဟန်ဆန်း၊ ဆရာမ တင်မိခိုင်၊ ကိုမင်းခတို့မှ ဆရာမြသန်းတင့်ရဲ့ ၀တ္ထုတိုပေါင်းချုပ်ကို စာချစ်သူတို့စကားဝိုင်း ပုံစံမျိုးနဲ့ ရင်းရင်းနှီးနှီး စာအုပ်အကြောင်း ဆွေးနွေးတိုင်ပင်ဖို့ ဖိတ်ခေါ်နေပါတယ်။

စကားဝိုင်းကျင်းပမယ့်ပုံစံက ဆရာမြသန်းတင့်ရဲ့ ၀တ္ထုတိုပေါင်းချုပ်မှာ ပါဝင်တဲ့ ၀တ္ထုတို (၂၉) ပုဒ်အကြောင်းကို စာချစ်သူတစ်ယောက်ရဲ့ နေရာကနေ ခံစားပြီး စာဖတ်သူတွေ ခံစားရရှိနိုင်တဲ့ အချက်အလက်တွေ၊ ဆရာမြသန်းတင့်နဲ့ပတ်သတ်တဲ့ အမှတ်တရအကြောင်းတွေကို စကားဝိုင်းဖွဲ့ပြောဆိုကြမှာပါ။ ဒီပွဲလေးမှာ ဆရာမြသန်းတင့်ကိုချစ်တဲ့ မည်သူမဆို အခမဲ့ တက်ရောက်ခွင့်ရရှိပါတယ်။

အထူးအစီအစဉ်အနေနဲ့က ဆရာဦးဝင်းငြိမ်းမှ ဆရာမြသန်းတင့်အား အောက်မေ့သတိရခြင်းနှင့်အတူ တွေ့ဆုံဖြတ်သန်းခဲ့ဖူးသော အမှတ်တရများကို ပြန်လည်ရင်ဖွင့်ပြောကြားမဲ့ တစ်ဦးတည်းသော အထူးဧည့်သည်တော်အဖြစ်နဲ့ တက်ရောက်မှာပါ။ အဲ့ဒါအပြင် ဆရာမြသန်းတင့် စာရေးရာမှာ အသုံးပြုခဲ့တဲ့ လက်နှိပ်စက်ကိုလည်း ဆရာမြသန်းတင့်အလွမ်းပြေ မြင်တွေ့နိုင်အောင် စီစဉ်ထားပါတယ်။

ဒီပွဲလေးကို တက်ရောက်ဖို့အတွက် ဆရာမြသန်းတင့်ရဲ့ ၀တ္ထုတိုပေါင်းချုပ်စာအုပ်ကို We Distribution မှာ အော်ဒါမှာပြီး Register (စာရင်းပေးသွင်းခြင်း) လုပ်ပေးဖို့လည်း မမေ့ပါနဲ့နော်။ Register (စာရင်းပေးသွင်းခြင်း) လုပ်ထားတဲ့လူအားလုံးကို ဆရာဦးဝင်းငြိမ်း အင်တာဗျူးထားတဲ့ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူနှင့် စာပေလူကြမ်းမင်းသား စာအုပ်ကို အမှတ်တရလက်ဆောင်အနေနဲ့ မဟာစာပေမှ ပြန်လည်ဂုဏ်ပြုပေးပါ့မယ်။ ဆရာဦးဝင်းငြိမ်း ရှိနေတဲ့အချိန်နဲ့ကြုံရင် အမှတ်တရ လက်မှတ်ရေးထိုးခွင့်ကိုပါ အပိုဆုအနေနဲ့ ရရှိမှာပါ။

ဆရာမြသန်းတင့်ကိုချစ်တဲ့ စာဖတ်သူ ပရိသတ်အနေနဲ့ရော မြန်မာစာပေကို ချစ်မြတ်နိုးသူတိုင်းကို စာချစ်သူတို့စာကားဝိုင်းမှ ဒီပွဲလေးကို တက်ရောက်ပေးဖို့ရန် လေးစားစွာ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

နေ့ရက် – ၁၈ ဇွန် ၂၀၁၇ (တနင်္ဂနွေနေ့)
အချိန် – ညနေ ၃ နာရီမှ ၅နာရီ ( 3:00 – 5:00 PM)
နေရာ – Yangon Book Plaza
ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ (၁၇လမ်းဝင်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါတယ်)


Yangon Book Plaza

စာချစ်သူတို့ စကားဝိုင်း

Yangon Book Plaza ငါးလွှာ၊ သံဈေး၊ လမ်းမတော်၊ ရန်ကုန်။ ၁၈ ဇွန် ၂၀၁၇၊ ညနေ ၃း၀၀ မှ ၅း၀၀ နာရီ။

Organized by

We Distribution, Yangon Book Plaza, မဟာစာပေ

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်