ရန်ကုန်မြို့သူ၊ မြို့သားများအတွက် ရန်ကုန်မြို့လည်ကောင်မှာ ကျင်းပမဲ့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့၏လမ်းမများ ပွဲတော်ဖြစ်ပါတယ်။ ညဈေးတန်းများ၊ လက်မှုအနုပညာ အရောင်းဆိုင်များ၊ အကနှင့် ဂီတများ ဖျော်ဖြေတင်ဆက်ခြင်းများ ပါဝင်ပါမယ်။ ရိုးရာအနုပညာကို အခြေခံတဲ့ ကြာပန်းကြီးများ၊ လောကနတ်ရုပ်တုတို့ကို ထုလုပ်ထားရှိမှာ ဖြစ်ပြီး သမိုင်းဝင်အဆောက်အဦးကြီးများနှင့် လမ်းတစ်လျှောက် အလှမီးများ ထွန်းညှိသွားမှာ ဖြစ်ပါတယ်။ သမိုင်းဝင်အဆောက်အအုံများနှင့် ပါတ်သက်သည့် လုပ်ဆောင်ချက်များကို တင်ဆက်ပြသမဲ့ ပြပွဲအစီအစဉ်လဲ ပါဝင်ပါတယ်။ ရှမ်းရီုးရာအက၊ မိုးဇာဗျော၊ ထားဝယ်ရေအိုးယိမ်းအက စသည်ဖြင့် လမ်းဘေးတစ်လျှောက် ကပြဖျော်ဖြေတင်ဆက်မှုများ ကိုလဲ ခံစားရမှာ ဖြစ်ပါတယ်။