• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

MakerFest Myanmar 2020 Yangon

  • Home
  • >> Festival>>
  • MakerFest Myanmar 2020 Yangon

Maker Festival ဆိုုတဲ့အတိုုင်း အလန်းစားစိတ်ကူးတွေနဲ့ တီထွင်ဖန်တီးမှုတွေကိုု ရှုစားရမယ့် ပွဲတော်တစ်ခုုပါ။ ဘယ်သူတွေပါမလဲဆိုုရင် နည်းပညာသမားတွေ၊ လက်မှုပညာရှင်တွေ၊ စက်ပစ္စည်းတွေ ကလိရတာ ၀ါသနာပါသူတွေ၊ အင်ဂျင်နီယာတွေ၊ အနုုပညာရှင်တွေနဲ့ မြန်မာတစ်ပြည်လုုံးက ကျောင်းသားတွေ ပါမှာပါ။ အချင်းချင်း အိုုင်ဒီယာတွေ၊ အတွေ့အကြုံတွေဖလှယ်ကြဖိုု့ နေရာတစ်ခုုလဲ ဖြစ်ပါတယ်။

တစ်နေကုုန် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပမယ့် ဒီပွဲတော်မှာဆိုုရင် ပရောဂျက်ပြခန်းတွေ၊ ပြိုင်ပွဲအစီအစဉ်တွေနဲ့ ကိုုယ်တိုုင်ပါဝင်လေ့လာရမယ့် ဆွေးနွေးပွဲ (Workshop) တွေလည်း ထည့်သွင်းထားပါတယ်။

လူငယ်တွေကိုယ်တိုင်ပြုလုပ်ထားတဲ့ စက်ရုုပ်တွေနဲ့ ပရောဂျက်တွေ၊ ရိုုးရာလက်မှုပညာကိုု ဆန်းသစ်ထားတဲ့ အနုုပညာ ပြကွက်တွေ၊ အိမ်မှာ ကိုုယ်တိုုင်လုုပ်ကြည့်နိုုင်တဲ့ တစ်နိုုင်တစ်ပိုုင် ပစ္စည်းလေးတွေ၊ အွန်လိုုင်းပေါ်မှာပဲ မြင်ဖူးပြီး အပြင်မှာ မတွေ့ဖူးသေးတဲ့ ဆန်းဆန်းပြားပြားတွေကိုု မျက်ဝါးထင်ထင်တွေ့ရမှာပါ။

Workshop တွေလည်း အခမဲ့တက်ရောက်နိုုင်ပြီး သုုံးဖက်မြင် ပရင့်ထုုတ်တာတွေ (3-D printing)၊ ကွန်ပျူတာ၊ ဖုုန်း ပရိုုဂရမ်ရေးတာတွေနဲ့ အခုုခေတ် ၂၁ ရာစုုမှာ မသိမဖြစ်သိထားရမယ့် ဗဟုုသုုတ အသစ်တွေအကြောင်း ပိုု့ချပေးသွားဦးမှာနော်။

စက်ရုပ်ပြိုင်ပွဲလည်း ပါတာကြောင့် ကိုုယ်သဘောကျတဲ့ အဖွဲ့နဲ့ စက်ရုုုုပ်ကိုု ဆက်ဆက်လာအားပေးကြပါဦး။ ဝါသနာပါရင် ကိုယ်တိုင်လည်း ဝင်ပြိုင်လို့ ရသေးတယ်နော်။

***မှတ်ချက်။ ဒီပွဲ ကို တက်ရောက်ဖို့အတွက် ဓာတ်ပုံပါတဲ့ကတ်ပြားတစ်ခုခု ယူလာဖို့သတိပေးပါရစေ။ စမတ်ဖုန်းနဲ့တက်ပ်လက်တွေ ယူဆောင်လာလို့ရပါတယ်။ ဒါပေမဲ့ လက်ပ်တော့ကွန်ပျူတာတို့၊ ကင်မရာတို့၊ သံသတ္ထုနဲ့လုပ်ထားတဲ့ ထည့်စရာနဲ့ အခြားပစ္စည်းကိရိယာတွေကိုတော့ ယူဆောင်လာခွင့်မပြုပါဘူး။ ပူးပေါင်းဆောင်ရွက်မှုအတွက်ကျေးဇူးတင်ပါတယ်။


MakerFest Myanmar 2020 Yangon

ဇန်နဝါရီလ ၂၄ရက်နှင့် ၂၅ရက် မနက် (၉)နာရီမှ ညနေ(၄)နာရီ American Center Yangon University Avenue Road, Kamayut Township

Organized By

MakerFest Myanmar and American Center, Yangon

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်