MEMORY! ရုပ်ရှင်ပွဲတော်ပြန်လည်ရောက်ရှိလို့လာပါပြီ
၂၀၁၉ ခုနှစ်မှာ ကျင်းပမယ့် ၇ကြိမ်မြောက်ပွဲတော်ကို ရန်ကုန်မြို့ရဲ့အထင်ကရနေရာများမှာ နိုဝင်ဘာလ ၁၅ရက်မှ ၂၄ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ပြည်တွင်းရုပ်ရှင်ကားပေါင်း ၇၀ကျော်ကို ၁၀ရက်တာအခမဲ့ပြသွားမှာပါ
OPENING CEREMONY!
ဖွင့်ပွဲအခမ်းအနား!
***Opening Movie (Nov 15, 5:30pm)***
***အဖွင့်ရုပ်ရှင် (နိုဝင်ဘာလ ၁၅ရက်၊ ၅နာရီ ၃၀မိနစ်)***
Isabelle Huppert ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ THE CEREMONY, by Claude Chabrol (1995)
ကို ပွဲတော်ရဲ့ အဖွင့်ရုပ်ရှင်အနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။ အခမဲ့ဝင်ခွင့်ဖြစ်ပြီး ထိုင်ခုံနေရာအကန့်အသတ်ရှိတာမို့ နေရာလပ်ရှိနေတုန်းအမြန်ဆုံးလာဖို့လိုတယ်နော်။
ရုပ်ရှင်ကားတွေပြသသွားမယ့်နေရာ ၃ခုမှာ
*** ဝဇီရာရုပ်ရှင်ရုံ (နိုဝင်ဘာလ ၁၆ရက် မှ ၂၄ရက်နေ့အထိ)***
နေ့စဉ် ရုပ်ရှင်ကား ၅ကားအထက်ကို ပြသသွားမှာဖြစ်ပါတယ်
***မဟာဗန္ဓုလပန်းခြံ (နိုဝင်ဘာလ ၁၆ရက်၊ ၁၇ရက်၊ ၁၈ရက်)***
ဇာတ်လမ်းတိုများကို ညနေ ၃နာရီမှစတင်ပြသသွားမည်။
အဓိကရုပ်ရှင်ဇာတ်ကားများကို ညနေ ၆နာရီစတင်ပြသသွားမည်။
***လမ်းမထက်က MEMORYရုပ်ရှင်များ (နိုဝင်ဘာလ ၁၉ရက်၊ ၂၀ရက်၊ ၂၁ရက်)***
ဝဇီရာရုပ်ရှင်ရုံအနောက်ဖက်ရှိ ၃၃လမ်းနဲ့ ၃၄လမ်းကြား YGN Walls မှ ပြန်လည်ပြုပြင်ထားတဲ့ နောက်ဖေးလမ်းကြားမှာ ညနေ ၆နာရီကနေစတင်ပြီး ရုပ်ရှင်ကားတွေကို ပြသသွားမှာဖြစ်ပါတယ်။