Mundo Lingo – Yangon Language Social Events ကိုတော့ အင်္ဂါနေ့တိုင်းရဲ့ ညနေ (၇)နာရီမှ (၉)နာရီထိ 50th street bar and restaurant မှာ ပြုလုပ်နေကြဖြစ်ပါတယ်။ ဘာသာစကားမျိုးစုံကို လာရောက် လေ့ကျင့်ပြောဆိုလို့ရမဲ့ Language club တစ်ခုပါ။
မိမိပြောတတ်တဲ့ ဘာသာစကားရဲ့ နိုင်ငံစတစ်ကာလေးတွေကပ်ရပါတယ်။ ပြီးရင်ကိုယ်နဲ့ ဘာသာစကားတူတူ လေ့ကျင့်ချင်တဲ့သူတွေနဲ့ ပြောဆိုရုံပါပဲ။ လာရောက်မဲ့သူတွေအားလုံးကတော့ ၁၈နှစ်နဲ့ ၁၈နှစ်အထက်ဖြစ်ရပါမယ်နော်။ လွတ်လပ်စွာပြောဆိုချင်သူတွေအတွက်လုပ်တဲ့ပွဲမို့ advanced speaker တစ်ယောက်ဖြစ်ဖို့ မလိုပါဘူး။ အခမဲ့ဝင်ရောက် လေ့ကျင့်ပြောဆိုနိုင်ပြီး အပတ်တိုင်းပြုလုပ်တာဖြစ်ပါတယ်။
ပွဲမှာ အကုန်လုံးကို ဓာတ်ပုံရိုက်မှာကိုတော့ သတိပြုစေလိုပါတယ်နော်။