• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Myanmar in the age of climate change / Screening & Discussion

  • Home
  • >> Conference>>
  • Myanmar in the age of climate change / Screening & Discussion

နှစ်စဉ် ဇွန်လ ၅ ရက်နေ့၌ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အများပြည်သူများ ပိုမိုအလေးထားနိုင်ရန် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်များကို ပြင်သစ်ယဉ်ကျေးမှုဌာနက စီစဉ်ပြုလုပ်သွားမည် ဖြစ်ပါတယ်။
ယင်း၏ တတိယမြောက်နှင့် နောက်ဆုံးအစီအစဉ်အဖြစ် “ရာသီဥတုပြောင်းလဲမှုကာလအောက်က မြန်မာ” ခေါင်းစဉ်ဖြင့် မှတ်တမ်းဇာတ်လမ်းတို ပြသမှုနှင့် ဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်မှာပါ။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုဆိုးရွားဖောက်ပြန်မှုကြောင့် ဘေးအန္တရယ်အများဆုံးကျရောက်နေသည့် နိုင်ငံများအနက် ဒုတိယမြောက် အထိခိုက်ခံရဆုံးနေရာတွင် ရပ်တည်နေပါတယ်။ ရာသီဥတုဖောက်ပြန်မှုကြောင့် မြန်မာနိုင်ငံ အနေဖြင့် မည်သို့မည်ပုံ ထိခိုက်နေရကြောင်း၊ ယင်းသို့ ဆိုးရွားနေသည့် အခြေအနေများကို လျေ့ာချနိုင်ရန် မည့်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်မှုရန် လိုအပ်နေကြောင်းတို့ကို ယခုအစီအစဉ်တွင် တင်ဆက်ဆွေးနွေးသွားမည်ဖြစ်ရာ စိတ်ဝင်စားကြသည့် မိတ်ဆွေများအား ဖိတ်ခေါ်ပါတယ်နော်။ဆွေးနွေးသွားမည့် ပုဂ္ဂိုလ်တွေကတော့
– Shashank Mishra (မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲဆိုင်ရာပူးပေါင်းအဖွဲ့၏ နည်းစနစ်ပိုင်း အကြံပေးအရာရှိချုပ်)
– Dr. သီရိထားဝယ်အောင် (မြန်မာသဘာဝပတ်ဝန်းကျင်ကွန်ယက် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်)
– Xavier Bouan (ရေရှည်တည်တံ့နိုင်မည့် စိုက်ခင်းများနှင့် သစ်တောရေးရာစီမံမှု စီမံကိန်းဆိုင်ရာ နည်းစနစ်ပိုင်းအကြံပေးအရာရှိချုပ်၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း)
ဆွေးနွေးပွဲကို ကမကထလုပ်ပေးမည့် ပုဂ္ဂိုလ်မှာ ပြန်ကြားဆက်သွယ်ရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက်နှင့် အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Eric Glover က ဆောင်ရွက်သွားပါမည်။
ဆွေးနွေးပွဲကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး အပြန်အလှန်စကားပြန်ဆိုမှုလည်း ပါဝင်ပါတယ်။ စိတ်ဝင်စားသူတိုင်း အခမဲ့ တက်ရောက်နိုင်ပါသည်။


Myanmar in the age of climate change / Screening & Discussion

ဇွန်လ ၁၉ရက်နေ့ ည(၇)နာရီကနေ (၉)နာရီထိ Institut Français de Birmanie 340, Pyay Road, Sanchaung Township Yangon

Organized by

Institut Français de Birmanie

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်