မြန်မာစွန့်ဦးတီထွင်ပွဲတော်
ပြည်တွင်းစွန့်ဦးတီထွင်သူများအကြား ကွန်ယက်ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းမှ မြန်မာ့စွန့်ဦးတီထွင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ထူးခြားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
ပွဲတော်တွင် စီးပွားရေးလုပ်ငန်းစုကြီးများနှင့် အသေးစားအလတ်စားလုပ်ငန်းများမှ လုပ်ငန်းရှင်များက ဆွေးနွေးပွဲများ(Panel Discussion)၊ ဟောပြောပို့ချမှု (Expert Talks) များဖြင့် အားဖြည့်ကူညီပေးမည်ဖြစ်ပြီးစဦးတီထွင်လုပ်ငန်း (Start Up) များအတွက် လိုအပ်နေသော နည်းပညာအထောက်အကူနှင့် ငွေကြေးအရင်းအနှီးများအတွက်ရင်းနှီးမြုပ်နှံသူများနှင့်တွေ့ဆုံချိတ်ဆက်ပွဲ (Pitching Program) များ၊ စွန့်ဦးလုပ်ငန်းများအတွက် လမ်းပြဆွေးနွေးပညာပေးခြင်းအစီအစဉ် (Mentoring) များနှင့် အချိန်တိုသင်တန်း (Short-course Training)များ၊ တစ်စုတစ်စည်းထဲ ပါဝင်မည်ဖြစ်ပါသည်။
အဓိကဆွေးနွေးမည့်အကြောင်းအရာများမှာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ နည်းပညာအခြေခံသည့်လုပ်ငန်းများနှင့် အခြားလုပ်ငန်းများအားအခြေပြုသွားမည်ဖြစ်ြ့ပီး ပြပွဲတွင် စီးပွားရေးလုပ်ငန်းကြီးများနှင့် အသေးစားအလတ်စားလုပ်ငန်းများအတွက် ပြခန်းနေရာများအား ရောင်းချပေးသွားမည်ဖြစ်သည့်အပြင် စဦးလုပ်ငန်းရှင်များအတွက် ပြခန်းနေရာများအား လျှောက်ထားသူများအနက်မှ ရွေးချယ်ပြီး အခမဲ့ပံ့ပိုးပေးနေရာချထားပေးသွားမည်ဖြစ်ပါသည်။
မြန်မာ့ပထမဆုံးဖြစ်သည့် မြန်မာ့စွန့်ဦးတီထွင်ပွဲတော်ကြီးကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ၂၀၁၇ခုနှစ် ဇွန်လ ၁၆ရက်မှ ၁၉ရက်နေ့အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူမည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် အွန်လိုင်းတွင် မှတ်ပုံတင်ပြီး လာရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
ရည်ရွယ်ချက်
စွန့်ဦးတီထွင်သူများအတွက် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရန်၊ ငွေကြေးအရင်းအနှီးများချိတ်ဆက်ပေးနိုင်ရန်နှင့် ကွန်ယက်တစ်ခုဖန်တီးပေးနိုင်မည့်စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရန်။
လုပ်ငန်းစတင်တည်ထောင်သည့်လူငယ်များအား မြေတောင်မြှောက်ပေးခြင်းအားဖြင့် နိုင်ငံတော်၏စီးပွားရေးကဏ္ဍအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရန်။
မြန်မာ့လူ့ဘောင်ဝန်းကျင်တွင် လိုအပ်နေသည့် လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများ၊ နည်းပညာအခြေခံသည့်စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများ စတင်ပေါ်ပေါက်လာစေရန်။
နေ့ရက် – ဇွန်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ။
အချိန် – နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ။
နေရာ – တပ်မတော်ခန်းမ၊ ဦးဝိစာရလမ်း၊ ရန်ကုန်မြို့။