• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Myanmar’s Second World Savings Day Forum

  • Home
  • >> Conference>>
  • Myanmar’s Second World Savings Day Forum

ရုတ်တရက်ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်တဲ့ ငွေစုခြင်းအလေ့အထဟာ မြန်မာပြည်ကလူတွေနဲ့ မစိမ်းလှပါဘူး။ ဒီလိုကောင်းတဲ့ဓလေ့ကိုပြန့်ပွားစေဖို့ရည်ရွယ်ချက်နဲ့ ကျင်းပမယ့် World Savings Day Event ကိုတော့ နိုဝင်ဘာလ ၁၆ရက်နေ့ ရန်ကုန်မြို့ဝန်ကြီးများရုံးမှာ နံနက် ၉နာရီကနေ ညနေ ၅နာရီအထိစည်စည်ကားကားကျင်းပသွားမှာဖြစ်ပါတယ်။

ဒီ World Savings Day Event လေးကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့နဲ့အတူ GIZ, UNCDF နဲ့ JICA တို့က ပူးပေါင်းပြီး မြန်မာနိုင်ငံသားများအတွက် ထိရောက်စွာငွေစုဆောင်းနိုင်ဖို့ အသိပညာနဲ့နည်းလမ်းများရရှိနိုင်စေရန်ရည်ရွယ်ကျင်းပရခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် World Savings Day Event မှာ ငွေကြေးရေးရာကျွမ်းကျင်ပညာရှင်တွေနဲ့ ထင်ရှားကျော်ကြားသူတွေရဲ့ ဟောပြောပို့ချချက်တွေကိုနားထောင်နိုင်မှာပါ။

တချိန်တည်းမှာပဲ ဝန်ကြီးများရုံးဝင်းအတွင်းမှာ လူသိများထင်ရှားတဲ့မြန်မာ့ငွေကြေးအဖွဲ့အစည်းများမှ ငွေစုခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်မည့်အပြင် ဘဏ်များ၊ အာမခံလုပ်ငန်းများ၊ stock exchanges ကုမ္ပဏီများ သာမက Fintech ကုမ္ပဏီများနဲ့ ငွေကြေးကုမ္ပဏီများရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို ရှင်းပြမယ့် ဆိုင်ခန်းငယ်လေးတွေလည်းပါဝင်အောင် အစီအစဉ်တွေဖန်တီးပေးထားပါတယ်။

World Savings Day Event မှာငွေကြေးစီမံခန့်ခွဲမှုအမေးအဖြေအစီအစဉ်လေးတွေနဲ့ ဆုလက်ဆောင်ပေးမယ့်အစီအစဉ်တွေ ကလေးသူငယ်တွေအတွက်တင်မက လူကြီးတွေအတွက်ပါ အခြားပျော်စရာအစီအစဉ်တွေတစ်စုတစည်းထဲခင်းကျင်းမယ့်အပြင် အစားအသောက်များနဲ့လည်း ဧည့်ခံတည်ခင်းမှာဖြစ်ပါတယ်။

ဒါကြောင့် ငွေကြေးဆိုင်ရာအသိပညာတွေတိုးပွားပြီး ငွေစုခြင်းဆိုင်ရာအလေ့အထကောင်းတွေကိုပျိုးထောင်နိုင်ဖို့ World Savings Day Event ကို ဝန်ကြီးများရုံးမှာ လာရောက်ပါဝင်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါရစေနော်။


Myanmar's Second World Savings Day Forum

နိုဝင်ဘာလ ၁၆ရက်နေ့ နံနက် ၉နာရီကနေ ညနေ ၅နာရီအထိ The Secretariat No. 300, Thein Phyu Road (Middle Block), Botahtaung Township, Yangon

Organized By

Save for Future Myanmar

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်