• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Photo Exhibition Series: Japan World Heritage (The History)

  • Home
  • >> ဓါတ်ပုံပြပွဲ>>
  • Photo Exhibition Series: Japan World Heritage (The History)

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဂျပန်ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ ဓာတ်ပုံပြပွဲစီးရီး၏ တတိယမြောက်ပြပွဲအဖြစ် ဂျပန်နိုင်ငံ၏ ယူနက်စကိုစာရင်းဝင် သမိုင်းကြောင်းအရ အရေးပါလှသော နေရာ၊ အပုံများကို ပြသသွားမှာ “The History” ခေါင်းစဉ်ဖြင့် ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒိုခေတ်က တန်ခိုးအာဏာကြီးထွားခဲ့သည့် တိုခုဂါဝါ စစ်နယ်ရှင်များ တည်ဆောက်ခဲ့သည့် နိဂျိုရဲတိုက်၊ ဟီရိုရှီးမား ဗုံးခွဲခံခဲ့ရသည့် အဆောက်အဦး၊ အိုကီနာဝါရှိ ရဲတိုက်အကြွင်းအကျန်များ အစရှိသည့် သမိုင်းကို ထင်ဟပ်စေသည့် နေရာများ၏ ရှုမျှော်ခင်းဓာတ်ပုံများကို လေ့လာကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ဓာတ်ပုံဆရာ၏ ကိုယ်ရေးအကျဉ်း
မိဇုနို ခစုဟိကို ကို ကျိုတိုမြို့၏ ခမိဂရေားရပ်ကွက်တွင် ၁၉၄၁ ခုနှစ်၌ ဖွားမြင်ခဲ့ပါသည်။ ဒိုးရှိတတက္ကသိုလ်တွင် ဂျပန်စာပေအထူးပြုဖြင့် ဘွဲ့ရခဲ့ပြီး တိုကျို ဆိုးဂိုး ဓာတ်ပုံကောလိပ်တွင် ဘွဲ့လွန်သင်တန်းကို တက်ရောက်ခဲ့ပါသည်။ မိဇုနိုသည် ၁၉၆၉ ခုနှစ်မှစ၍ ကျိုတိုမြို့၏ ရှုခင်းများကို ဓာတ်ပုံရိုက်ခြင်းအတက်ပညာကို အထူးပြုလေ့လာလိုက်စားခဲ့ပါသည်။ ဂျပန်ရိုးရာယဉ်ကျေးမှုကိုလည်း လေ့လာခဲ့ပြီးနောက်တွင် သူ၏ဓာတ်ပုံများကို တည်းဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းကိုပါ လုပ်ဆောင်ခဲ့ပါသည်။
၂ဝဝဝ ခုနှစ်တွင် သူ၏ကိုယ်ပိုင် ဓာတ်ပုံပြခန်းဖြစ်သည့် Townhouse Photo Hall (မချိရ ရှရှင်းကန်) ကို ဖွင့်လှစ်ခဲ့ပါသည်။

သူ၏ သဘာဝတောတောင်ရေမြေ အလှအပများကို ရိုက်ကူးထားသော ရှုခင်းဓာတ်ပုံများသည် Fore World Magazine က ထောက်ပံ့ချီးမြှင့်သော ၂ဝဝ၂ခုနှစ်အတွက် Fore World စာအုပ်၏ “အိမ်နှင့်ဥယျာဉ်” ဓာတ်ပုံအမျိုးအစားအတွက် ရွှေတံဆိပ်ဆု ရရှိခဲ့ပါသည်။
သူသည် ဂျပန်ဓာတ်ပုံဆရာများ အဖွဲ့အစည်းနှင့် ဂျပန်ဓာတ်ပုံအနုပညာအဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။
မိဇုနို ခစုဟိကိုသည် စာအုပ်ပေါင်း ၁၄ဝကို ထုတ်ဝေခဲ့ပြီး စာအုပ်အများစုသည် ဓာတ်ပုံပေါင်းချုပ်များဖြစ်သည်။


Photo Exhibition Series: Japan World Heritage (The History)

စက်တင်ဘာလ ၁၇ရက်နေ့မှ အောက်တိုဘာလ ၁၁ရက်နေ့အထိ မနက်(၉)နာရီမှ ညနေ(၅)နာရီ The Japan Foundation, Yangon No.70 Nat Mauk Lane (1), Bahan Township, Yangon

Organized By

The Japan Foundation, Yangon

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်