• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Power Women

  • Home
  • >> လူမှုရေးပွဲ>>
  • Power Women

Power Women (အမျိုးသမီးများ၏စွမ်းအား/ အခမဲ့စကားဝိုင်း)

မြန်မာမိန်းကလေးတွေအတွက် ခေတ်တွေဘယ်လိုပြောင်းပြောင်း နေရာတိုင်းမှာ အမျိုးသမီးအခွင့်အရေးအပြည့်အဝရရှိဖို့ ကန့်သတ်ချက်တွေရှိနေဆဲပါ။ အထူးသဖြင့်တော့ မြန်မာမိန်းကလေးမို့ … ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်သင့်ဘူးဆိုတာတွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ လက်ရှိအချိန်ထိ အစဉ်အလာတစ်ခုအဖြစ်ရှိနေပါတယ်။

ဒါ့ပြင် မိန်းကလေးတွေ Startup Business စလုပ်တော့မယ်ဆိုရင် ဘယ်လိုစတင်ပြင်ဆင်သင့်လဲ။
ဖက်ရှင်ကျကျ ဝတ်ဆင်ပြီး စမတ်ကျကျနေထိုင်တတ်ခြင်းက ကိုယ့်ကိုကိုယ် ယုံကြည်ချက်မြင့်မားစေလား။

ကိုယ်တိုင်ဘဝတည်ဆောက်ဖို့ အိမ်မှုကိစ္စတွေကို အပြည့်အဝတာဝန်ယူရမှာလား။

လုပ်ငန်းခွင်မှာ ရာထူးကြီးကြီးနေရာအတွက် စဉ်းစားမယ်ဆိုရင် ယောင်္ကျားသားတွေနဲ့ ယှဉ်ဖို့အခွင့်အရေးတွေ နည်းပါးလေ့ရှိလား။

မိန်းကလေးမို့ လိုအပ်ချက်အရ ညဘက်အပြင်ထွက်ရမယ်ဆိုရင်တောင် လုံခြုံမှုအားနည်းနေတုန်းလား။
စိတ်ဖိစီးမှုတွေ လျော့ဖို့ ဘော်ဒါတွေနဲ့ Night Out ထွက်ချင်တယ်ဆိုရင်တောင် မြန်မာမိန်းကလေးတွေအတွက် မသင့်တော်တဲ့လုပ်ရပ်လို့ သတ်မှတ်ခံရလေ့ရှိလား။

ဒီလိုစကားတွေကိုဖလှယ်ဖို့ နယ်ပယ်အသီးသီးက ကိုယ်တိုင်ဦးဆောင်နေသူအမျိုးသမီးတွေက Power Women ပွဲမှာ ဆွေးနွေးကြမှာပါ။

အခက်အခဲတွေရှိလာရင် ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့စကားတွေကို ဆွေးနွေးဖလှယ်ချင်တယ်ဆိုရင် ဒီအခမဲ့ပွဲလေးကို လုံးဝတက်ရောက်သင့်ပါတယ်နော်။

ဒီအခမဲ့စကားဝိုင်းမှာ ဒေါက်တာဖြိုးသီဟက Moderator အဖြစ်ပါဝင်ပြီး
Speaker တွေအနေနဲ့

– အကယ်ဒမီခင်ဇာခြည်ကျော် (သရုပ်ဆောင်)
– မချောခင်ခင် (Group CEO, MCC)
– မစမိုင်းလ် (သရုပ်ဆောင်/ မော်ဒယ်လ်)
– မမြင့်မြင့်ခင် (Director, မြင့်မြင့်ခင် ထိုးမုန့်၊ လမုန့်လုပ်ငန်း)
– မဝင်းမင်းသန်း (Beauty Blogger, Yangon In My Heart)
– မဝင်းအိခိုင် (CEO, Maple Group of Companies)
– မထက်ရည် (Managing Director, Brand You) တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။

မြန်မာအမျိုးသမီးတိုင်းတက်ရောက်သင့်တဲ့ပွဲလေးမို့လို့ ကြွရောက်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

 

စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့နာမည်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းပြီးနောက် အတည်ပြုချက် စောင့်ဆိုင်းဖို့မလိုဘဲ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေထဲက တစ်ခုခုကိုသုံးပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

Online Register >>>> https://www.eventbrite.com/e/power-women-tickets-66029731705

SMS Register >>>> 09 968 557560/ 09 785 606060 (အမည်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ Email လိပ်စာ နှင့် တက်ရောက်လိုသောပွဲခေါင်းစဉ်တို့ကို Message ပေးပို့ပါရန်)

အသေးစိတ် သိရှိမေးမြန်းလိုပါက Hotline ဖုန်းနံပါတ် တွေဖြစ်တဲ့ 09 968 557 560 နှင့် 09 785 606 060 ကို ဆက်သွယ်နိုင်ပါတယ်။


Power Women

သြဂုတ်လ ၁၀ရက်၂၀၁၉ (စနေနေ့) မွန်းလွှဲ ၂:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီ Wyndham Grand Yangon Hotel, ကန်ရိပ်သာလမ်းထောင့်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်မြို့။(TOM and TOMS Coffee ဆိုင်ဘေး)

Organized By

Myanmar B2B Management Magazine

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်