Prevention of Biological Hazards at Work အခမဲ့ဟောပြောပွဲ
လုပ်ငန်းခွင်မှ ကူးစက်တတ်သော ဇီဝရောဂါများ၏ ဖြစ်ပွားမှု ကို ကြိုတင်ကာကွယ်နိုင်သည် အသိပညာ၊ ဗဟုသုတများ ဖြန့်ဖြူးပေးရန် ရည်ရွယ်၍ WIN OSHE Safety Academy မှ Prevention of Biological Hazards at Work အခမဲ့ဟောပြောပွဲကို တက်ရောက်နိုင်ပါရန် ဖိတ်ကြားပါရစေ။
ဒီ Talk လေးမှာတော့ လုပ်ငန်းခွင်မှာ တွေ့ရတတ်တဲ့ Biological Hazards တွေ အကြောင်းနဲ့ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ အကြောင်းကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ရာသီတုတ်ကွေး AH1N1 ကို လုပ်ငန်းခွင်မှာ ဘယ်လို ကာကွယ်မလဲ၊ တီဘီ(အဆုတ်တီဘီရောဂါ)၊ ခုခံအားကျဆင်းမှု့ ကူးစက်ရောဂါ၊ အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး စတဲ့ ရောဂါတွေဟာ အလုပ်လုပ်ရင်းနဲ့ ကူးစက်နိုင်လား စတဲ့ အကြောင်းအရာများကို ဟောပြောမှာပဲ ဖြစ်ပါတယ်။
ဟောပြော ပို့ချမည့်သူ။ ဒေါက်တာ ရဲမာန်လင်း @ ဒေါက်တာလင်းဖြစ်ပါတယ်။
ဆေးခန်းငယ်များ၊ ပရဟိတ ဆေးရုံများ၊ ပရဟိတဆောင်ရွက်နေသော လူမှုရေး အသင်းအဖွဲ့များမှ ၁၈ နှစ် ပြည့်ပြီးသူ မည်သူမဆို စာရင်းပေး၍ အခမဲ့ တက်ရောက်နိုင်ပါသည်။
ခုံနေရာ ၂၅ ဦးသာ ကန့်သတ်ထားသောကြောင့် ကြိုတင်စာရင်းသွင်းပေးရန် ပန်ကြားအပ်ပါသည်။
မှတ်ချက်။ ။ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်များဖြင့် ဧည့်ခံပါမည်။