မြန်မာနိုင်ငံရဲ့ ယနေ့ခေတ်စီးပွားရေးကို ပိုမိုတိုးတက်စေမဲ့နည်းလမ်းများနဲ့ အကြောင်းအရာများကို အဓိကထားပြီးဆွေးနွေးသွားမှာဖြစ်ပါတယ်။
မနက် (၉)နာရီခွဲမှာတော့ registration နဲ့ အကျွေးအမွေး အစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ပြီး (၁၀)နာရီမှာတော့ Mr.Gevorg Sargsyan (Head of Office,World Bank Myanmar)က ဖွင့်ပွဲအစီအစဉ်ကို စတင်မိတ်ဆက်သွားမှာပါ။ Panelist များက ဓာတ်ပုံနဲ့ videoများ ပြသခြင်းပြုလုပ်ပြီးနောက် မနက် (၁၀)နာရီ ခွဲခန့်မှာ “Key Findings of Myanmar Economic Monitor” ခေါင်းစဉ်ဖြင့် Mr.Hans Anand Beck (Lead Econimist , World Bank Myanmar) မှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ နေ့လည် (၁၁)နာရီမှာတော့ လတ်တလော မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတတ်မှုအခြေအနေများကို moderator အဖြစ် Kang Wan Chern (Myanmar Times)မှ ဦးဆောင်ပြီးတော့ ပါဝင်ဆွေးနွေးမဲ့သူတွေကတော့ ဒေါ်သက်သက်ခိုင် (Member of Parliament ,Pyithu Hluttaw) ၊ Melvyn Pun (CEO, Yoma Strategic Holdings)၊ ဒေါက်တာ ခင်မောင်ညွန့် (Senior Research Fellow, Myanmar Development Insitute ) တို့ဖြစ်ပါတယ်။ (၁၂)နာရီမှာတော့ ပွဲပြီးဆုံးမှာပါ။ ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။