ကမ္ဘောဇဘဏ်အိမ်ရာချေးငွေဌာန၏ ကူညီပံ့ပိုးမှုဖြင့် နာမည်ကြီးအိမ်ခြံမြေကုမ္ပဏီများစုပေါင်း၍ အိမ်ရာပေါင်းများစွာအားပြသမည့် အိမ်ခြံမြေပြပွဲအား 7-9-2019 (Saturday) နှင့် 8-9-2019 (Sunday)နေ့များတွင် မနက် 9း30နာရီ မှ ညနေ 7း00 နာရီအထိ (၂)ရက်တိုင်တိုင် ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းမ၊ Unit (1)၊ Junction Square Compound ၊ KBZ Bank (ကျွန်းတောလမ်း ဘဏ်ခွဲ) တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါပြပွဲတွင် တိုက်ခန်း၊ Mini Condo၊ Condo နှင့် လုံးချင်းများကို ဈေးကွက်ထဲတွင် အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများဖြင့် ပြသမည်ဖြစ်ပါသည်။
ပြပွဲအတွင်းအဆိုပါ အိမ်ရာများအား-
(၁) ငွေသားဖြင့် ချက်ချင်းလက်ငင်းဝယ်ယူနိုင်သကဲ့သို့
(၂) ကမ္ဘောဇဘဏ်အိမ်ရာချေးငွေရယူကာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
ထို့အပြင် – ကမ္ဘောဇဘဏ်အိမ်ရာချေးငွေဌာန၏ အထူးအစီအစဉ်အဖြစ်
– ဝန်ဆောင်ခနှုန်းထား လျော့ချပေးမည့် အစီအစဉ်အသစ်
– အတိုးနှုန်းသက်သာမည့် အစီအစဉ်သစ်များစသည့်
အိမ်ရာချေးငွေလျှောက်ထားခြင်းပုံစံအသစ်များဖြင့်တစ်ထိုင်တည်း အိမ်ရာချေးငွေရယူလျှောက်ထားဝယ်ယူ နိုင်မည်ဖြစ်ကြောင်းသတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Phone : 01-381990, 01-375574, 09-775511777 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
အောက်ပါ Link တွင်လည်း စာရင်းပေးသွင်းနိုင်ပါပြီ ….
https://docs.google.com/forms/d/e/1FAIpQLSf7UMu1DziUvQjDo0fhRrufFXBfdGSqorKu6EESiqLJM2apWw/viewform?usp=pp_url