• Register Now
  • Login
Myanmar Event Hub

Myanmar Event Hub

  • ပင်မစာမျက်နှာ
  • မြန်မာတို့အတွက် ပွဲများ
    • ပွဲအားလုံးကြည့်ရန်
    • မကြာမီ ကျင်းပမည့်ပွဲများ
    • ပြပွဲများ
      • ကုန်စည်ပြပွဲများ
      • အလုပ်အကိုင်ပြပွဲများ
    • စာပေပွဲတော်များ
      • စာပေဟောပြောပွဲများ
      • စာအုပ်ဈေးပွဲတော်များ
    • အနပညာပြပွဲများ
      • ပန်းချီပြပွဲများ
      • ဓါတ်ပုံပြပွဲများ
      • ရုပ်ရှင်ပွဲတော်များ
    • အားကစားပွဲများ
    • ဖျော်ဖြေပွဲများ
    • ပညာရေးပွဲတော်များ
    • လူမှုရေးပွဲများ
    • ကျင်းပပြီးသော ပွဲများ
  • ဖတ်စရာ
  • လမ်းညွှန်
  • ဆက်သွယ်ရန်
  • SUBMIT EVENT

Under the Stars #2 – Carmen

  • Home
  • >> ဖျော်ဖြေရေးပွဲ>>
  • Under the Stars #2 – Carmen

UNDER THE STARS” OUTDOOR CINEMA NIGHTS #2 – CARMEN
(English below)

“ကြယ်ရောင်အောက်မှာ” အမည်ရ လေဟာပြင်ရုပ်ရှင်ပြပွဲ #၂ – ကာမန်

ဇန်နဝါရီ ၁၅၊ ည ၇ နာရီ
ဝင်ကြေးအခမဲ့
အင်္ဂလိပ်စာတန်းထိုး ပြင်သစ်စကားပြော အော်ပရာရုပ်ရှင်

လေဟာပြင်ရုပ်ရှင်လို့ မိတ်ဆွေ ဖတ်လိုက်ရပါသလား။ ပြင်သစ်ယဉ်ကျေးမှုဌာနက မိတ်ဆွေများအတွက် နှစ်သစ်မှာ အော်ပရာရုပ်ရှင်ကားကောင်းတစ်ကားကို လေဟာပြင်ရုပ်ရှင်အဖြစ်် တင်ဆက်သွားမည် ဖြစ်ပါသည်။

မိတ်ဆွေများ လာရောက်သည့်အခါ သက်တောင့်သက်သာ ပိုမိုရှိစေရန် မိမိတို့ နှစ်သက်ရာ အခင်း၊ အထိုင်၊ ခေါင်းအုံးတို့ကိုပါ မိမိတို့နှင့် တစ်ပါတည်း ယူဆောင်လာနိုင်ပြီး ပြင်သစ်ယဉ်ကျေးမှုဌာန ဥယျာဉ်ဝင်းအတွင်း အေးချမ်းလှပသည့် ညနေခင်းကို ရုပ်ရှင်ကြည့်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

စားသောက်ဖွယ်ရာများကိုလည်း ပြင်သစ်ယဉ်ကျေးမှုဌာန စားသောက်ဆိုင်နေရာတွင် မှာယူသုံးဆောင်နိုင်ပါသည်။

ရုပ်ရှင်အစီအစဉ်#၂ – ဂျော့ဘီဇက် ရိုက်ကူးသည့် “ကာမန်” ဇာလမ်းအကျဉ်း

လွတ်လပ်ရဲတင်းသလောက် ချောမောလှသည့် ရိုမာနီလူမျိုး ကာမန်၊ တပ်မတော်က တပ်ကြပ်ကြီး ဒွန်ဟိုဆေး၊ သန်မာကြံခိုင်လှသည့် နွားရိုင်းသတ်သမား အက်ကမီလီ စသည့် ဇာတ်ကောင်များ ပါဝင်ပါသည်။

ကာမန်သည် အချစ်ရေး အပါအဝင် မည်သည့်ကိစ္စအတွက်မှ စိုးရိမ်ပူပန်စရာမထားဘဲ မိမိစိတ်ကြိုက်ဘဝကို ဖြတ်သန်းနေသည့် မိန်းမချောလေးတစ်ဦး ဖြစ်ပါသည်။ သဝန်တိုလှသည့် ချစ်သူတပ်ကြပ်ကြီးနှင့် မြူတတ်ဆွယ်တတ်သည့် နွားရိုင်းသတ်သမားတို့အကြား ကာမန်၊ တပ်ကြပ်ကြီး၊ နွားရိုင်းသတ်သမားတို့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို အော်ပရာပိတ်ကားထက်မှာ ဆက်လက်ကြည့်ရှု ခံစားကြည့်ကြရအောင် မိတ်ဆွေများ။


Under the Stars #2 - Carmen

ဇန်နဝါရီ ၁၅ရက်နေ့ ည (၇) နာရီမှ (၁၀)နာရီ Institut français de Birmanie 340, Pyay Road, Sanchaung Township, Yangon

Organized By

Institut français de Birmanie and French Embassy in Myanmar / Ambassade de France en Birmanie

Our Facebook Page

ဖတ်စရာ

  • Virtual event ကျင်းပရာမှာ လိုအပ်တဲ့ နည်းပညာတွေ
  • Facebook နဲ့ virtual events
  • 2020 မှာ ခေတ်စားလာတဲ့ virtual / online event statistics

Search

  • ပင်မစာမျက်နှာ
  • ပွဲအားလုံးကြည့်ရန်
  • မကြာမီ ကျင်းပမည့်ပွဲများ
  • ကျင်းပပြီးသော ပွဲများ
  • ဆက်သွယ်ရန်