Yangon Pride ရဲ့ရုပ်ရှင်ပွဲတော်ကိုတော့ Goethe Institut မှာ ‘Taipei Love’ အမည်ရှိ ရုပ်ရှင်ကားနဲ့ ဇန်နဝါရီလ ၂၂ ရက် ဗုဒ္ဓဟူးနေ့မှာ စတင်ပြသရင်း ဖွင့်လှစ်သွားတော့မှာပါ၊
ဒီကားလေးကတော့ ထိုင်ဝမ်က LGBTIQ များအတွက် တရားဝင်အသိအမှတ်ပြုလက်ခံမှုကို ရရှိဖို့အတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူ ၃ ယောက်အကြောင်းကိုရိုက်ကူးထားတဲ့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားလေးပါ၊ မနှစ်က၂၀၁၉ ခုနှစ်မှာ ထိုင်ဝမ်နိုင်ငံဟာ LGBTIQ တွေကို တရားဝင် လက်ခံအသိမှတ်ပြုပေးခဲ့ပြီး၊ အာရှတိုက်ရဲ့ ပထမဆုံး LGBTIQများကို လက်ခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာပါတယ်