တန်ဆောင်တိုင်ရုံးပိတ်ရက် လည်ပတ်စရာ (၁၂-၁၄ နိုဝင်ဘာ ၂၀၁၆)

တန်ဆောင်တိုင်ရုံးပိတ်ရက် ဖြစ်တဲ့အတွက် မီးထွန်းပွဲများ၊ ဘုရားပွဲတော်များ၊ ကြည့်ချင်ပွဲများကတော့ နေရာအနှံ့ပြည့်နေမှာ ဖြစ်ပါတယ်။ လပြည့်နေ့ဖြစ်တဲ့အတွက် ရွှေတိဂုံဘုရား၊ ကမ္ဘာအေးဘုရား စတဲ့ ရန်ကုန်မြို့ပေါ်ဘုရားတွေမှာလဲ လူစည်ကားနေမှာဖြစ်ပါတယ်။ တစ်ချို့ကလဲ တောင်ကြီးမြို့ မီးပုံးပျံပွဲကို သွားရောက်လည်ပတ်ကြပါတယ်။ ပြင်ဦးလွင်မြို့မှာလည်း မီးပုံးပျံပွဲတစ်ခုရှိပါတယ်။ နိုဝင်ဘာလ ဖြစ်တဲ့အတွက် သိပ်မအေးသေးဘဲ တောင်ပေါ်ဒေသတွေကို သွားရောက်လည်ပတ်ဖို့ရာ အချိန်ကောင်းပါ။ တန်ဆောင်တိုင်ပွဲတော်ရာသီဟာ မြန်မာတို့ရဲ့ ခရီးသွားရာသီတစ်ခုလဲ ဖြစ်ပါတယ်။ ခရီးမသွားဖြစ်ဘဲ မိမိရဲ့တန်ဆောင်တိုင် အားလပ်ရက်ကို ရန်ကုန်မြို့မှာပဲ အသုံးချမဲ့သူများအတွက် ပွဲတစ်ချို့ကို အသိပေးလိုပါတယ်။ ဒီတစ်ပတ်တော့ ပန်းချီဝါသနာရှင်များအတွက် မအားလပ်နိုင်အောင် ပန်းချီပြပွဲတွေ ရှိနေပါတယ်။ ကန်တော်ကြီး၊ ကရဝိတ်ခန်းမအနီးမှာ ဖွင့်လှစ်လိုက်တဲ့ မဟာဈာန်ပန်းချီပြခန်းမှာ မဟာပုဂံပန်းချီပြပွဲ ရှိနေပါတယ်။ ပြပွဲမှ ရောင်းရတဲ့ ပန်းချီကားများရဲ့ ၂၅% ကို ငလျင်ဒဏ်ခံ ပုဂံမြို့ဟောင်း ပြန်လည်ပြုပြင်ရေးအတွက် […]

ဒီ weekend မှာဘယ်သွားကြမလဲ (၂၉-၃၀ အောက်တိုဘာ ၂၀၁၆)

ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်သွားဖို့စီစဉ်ထားပြီးပြီလဲ။ မစီစဉ်ရသေးဘူးဆိုရင် ဒီတစ်ပတ် စနေနဲ့ တနင်္ဂနွေမှာ ရန်ကုန်မြို့တစ်ဝိုက် သွားလို့ရတဲ့ ပွဲလေးတစ်ချို့ကို ပြောပြမယ်နော်။ လူငယ်လူရွယ်များအတွက်ကတော့ ဒီတစ်ပတ်အားလပ်ရက်မှာ မိမိအနာဂါတ်အတွက်လည်း အကျိုးရှိမဲ့ Duwun Talks ကိုသွားရောက်နားထောင် နိုင်ပါတယ်။ ဝန်ထမ်းဘဝကနေ စွန့်ဦးတီထွင်လုပ်ငန်းရှင်များဖြစ်အောင် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲကို နားထောင်နိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ Melia Hotel မှာ အောက်တိုဘာ ၂၉ (စနေနေ့) ညနေ ၃ နာရီမှ ၆ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဟောပြောပွဲနှင့်ပါတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းပြီးခါစ လူငယ်လူရွယ်များ၊ အလုပ်အကိုင်ရှာဖွေနေသူများအတွက် MPT အလုပ်အကိုင်ပြပွဲနှင့် အင်တာဗျူးပွဲကို သွားရောက်လေ့လာနိုင်ပါတယ်။ Sales, Marketing, Communications နှင့် Engineering […]