How to Promote an Event on Social Media in 12 Steps

Event တစ်ခုကိုsocial media ပေါ်မှာလူသိများမယ့်နည်းလမ်း ၁၂ ချက်

ပွဲတစ်ပွဲကျင်းပတော့မယ်ဆိုရင် ဒီခေတ်ကြီးမှာ social media ပေါ်ကတဆင့်ကြေငြာတာက လူသိများစေနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ 3.2 billion အရေအတွက်ရှိတဲ့လူတွေဟာ social media ကိုနေ့စဉ်အသုံးပြုကြပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးရဲ့ 42% လောက်လို့ တွက်လို့ရပါတယ်။ social media ဟာ့ ပွဲပဲဖြစ်စေ၊ ကုန်ပစ္စည်းတွေ၊ promotion တွေကို ကြော်ငြာဖို့အထိရောက်ဆုံး platform ဖြစ်တယ်လို့ ပြောကြပါတယ်။
Event တွေကို social media ပေါ်မှာ marketing လုပ်ရတာကတော့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ targeted audience ကိုသိအောင်၊ ပွဲကို လူများအောင်၊ ticket တွေဝယ်ကြအောင်လုပ်ဖို့ဆိုတာ social media marketing strategy တွေအများကြီးသုံးဖို့လိုအပ်ပါတယ်။
ဒီအတွက် လိုက်နာသင့်တဲ့အချက်တွေ၊ ရွေးချယ်စရာအချက်တွေကို ဒီဆောင်းပါးကနေတဆင့်ဖော်ပြသွားမှာပါ .. ???

?? 1.Social media platform ကိုရွေးချယ်ရပါမယ်။
ပွဲကဘယ်လို industry နဲ့ပတ်သတ်ပြီးုပြုလုပ်မှာလဲ၊ targeted audience ကဘယ်သူတွေလဲပေါ်မှုတည်ပြီး social media platform တွေရွေးချယ်ရမှာပါ။ ပုံမှန်အားဖြင့်ကတော့ Facebook,Twitter,LinkedIn တွေကနေတဆင့် ကြေငြာတာက လုံလောက်ပါတယ်။ Twitter နဲ့ LinkedInကတော့ အနောက်နိုင်ငံတွေမှာ ပိုသုံးကြပါတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ Facebook မှာကြေငြာကြတာများပါတယ်။
Facebook – event page တွေကိုcreate လုပ်လို့ရတဲ့အပြင် event နဲ့ပတ်သတ်တဲ့ information တွေကို share လို့လွယ်ကူပါတယ်။ Target ထားတဲ့ လူတွေကို promotion, campaign တွေလုပ်ပြီးတော့လည်း လူသိအောင်လုပ်လို့ရပါသေးတယ်။

Instagram – သူကတော့ brand ကို ပိုလူသိစေနိုင်ပြီး ပုံတွေကနေတဆင့် လူတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ပါတယ်။

LinkedIn – B2B business , industry တွေအတွက် ကွန်ရက်ပိုကျယ်ပြန့်နိုင်ပြီးတော့ professional platform တစ်ခုပဲဖြစ်ပါတယ်။

Twitter – Event မစခင်နဲ့ လုပ်နေတဲ့အချိန်တွေမှာ postတွေကို hashtag တွေအသုံးပြုပြီး စိတ်ဝင်စားအောင်လုပ်နိုင်ပါတယ်။
Snapchat – ဒါကတော့ လူငယ်တွေအတွက် အဓိကထားတဲ့ platform တစ်ခုပါ။
ဒါကြောင့် အရင်ဆုံးအနေနဲ့ social media platform ကိုသေချာရွေးချယ်ဖို့လိုအပ်ပါတယ်။

?? 2.Event hashtag ရွေးချယ်ပါ။
Hashtag ရွေးတဲ့အခါမှာ သုံးတဲ့စာကြောင်းက ရိုးရှင်းပြီး ထိမိတဲ့စာကြောင်းဖြစ်ရပါမယ်။ Event မစခင် information တွေ share တဲ့အချိန်မှာ hashtag ကိုထည့်သုံးပါ။ ဒါ့အပြင် တခြား social media platform တွေမှာလည်းသုံးပါ။ Event website, emails, နဲ့ပွဲမှာ သုံးမယ့် Board တွေ၊ တခြား display တွေမှာ hashtag ကို တတ်နိုင်သလောက်ထည့်သုံးဖို့မမေ့ပါနဲ့။
Event လုပ်တဲ့အချိန်မှာလည်း တက်ရောက်လာတဲ့ audience တွေကို hashtag သုံးဖို့ တောင်းဆိုပါ။ ပုံတွေအောက်မှာ Hashtag သုံးပြီး ဓာတ်ပုံပြိုင်ပွဲလုပ်ပေးတာမျိုးက event ကိုပိုပြီးလူသိများစေပါတယ်။ ဒါ့အပြင် event နဲ့ပတ်သတ်တဲ့ပုံတွေ တင်တဲ့အခါမှာလည်း hashtag သုံးဖို့မမေ့ပါနဲ့။

?? 3.Social media profile ဖန်တီးပါ။
Event ကို social media ပေါ်မှာ မကြေငြာခင် event နဲ့ပတ်သတ်ပြီး page ရှိဖို့လိုအပ်ပါတယ်။ ဒီကနေမှတဆင့် ဘယ်သူကလုပ်တာလဲ၊ event ကဘယ်လိုအကြောင်းအရာမျိုးလဲ၊ ဘာcompany လဲစတဲ့ information တွေကို audience တွေကသိနိုင်မှာကြောင့်ဖြစ်ပါတယ်။ ဒီနေရာမှာလုပ်သင့်တဲ့အချက်အလက်လေးတွေရှိပါတယ်။

✅ Event hashtag/ Logo – pageရဲ့ cover or profile image မှာပွဲနဲ့ပတ်သတ်တဲ့ Logo ပါသင့်ပါတယ်။ ဒါ့အပြင် post တိုင်းမှာ hashtag သုံးပြီးရေးသားဖို့လည်း လိုပါတယ်။

✅ “About us” – page မှာ company ရဲ့ ရည်ရွယ်ချက်၊ ဘာတွေလုပ်လဲဆိုတဲ့အကြောင်းတွေ အနည်းငယ်တော့ထည့်ရေးသင့်ပါတယ်။ ဒါ့အပြင် တက်ရောက်ချင်တဲ့သူတွေက page ဒါမှမဟုတ် ပွဲကိုရှာချင်တဲ့အခါလွယ်ကူအောင် keywords တွေသုံးပေးပါ။

✅ Page မှာတခြား social media တွေက ကိုယ့်ရဲ့ profile link တွေပါပါစေ။ ဒါက အခြား social media က profile တွေကို လူတွေပိုသတိထားမိစေပြီး followers တွေလည်း ပိုများလာစေနိုင်ပါတယ်။
?? 4.Facebook event ကို ticket sells တွေအပါအဝင် create လုပ်ပါ။
Facebook ကိုတစ်လမှာ 500 million လောက်အသုံးပြုပါတယ်။ Event တွေကလည်းအများကြီးပါပဲ။ ဒါကြောင့် ဘယ်လိုevent မျိုးပဲဖြစ်ဖြစ် အများနဲ့မတူအောင်ကွဲထွက်နေဖို့လိုပါတယ်။
Event create လုပ်တဲ့အခါမှာ အောက်ပါအချက်တွေကို လုပ်ဆောင်သင့်ပါတယ်။
✅ ဘယ်လိုsizeမျိုးနဲ့မဆိုကြည့်လို့ကောင်းစေမယ့် 1920 x 1080 pixel ရှိ cover photo ကိုရွေးချယ်ပါ။
✅ Facebook ဖက်ကနေ event ကို promote လုပ်ပေးနိုင်အောင် တိကျတဲ့ အချိန်၊နေရာ နဲ့အကြောင်းအရာတွေကို ဖော်ပြပါ။
 Event နဲ့ပတ်သတ်ပြီး လူတွေစိတ်ဝင်စားစေမယ့် content တွေကိုရေးသားပါ။
✅ Ticket ရောင်းချမယ်ဆိုရင် link ကို အမြဲလူတွေသတိထားမိတဲ့ page ရဲ့ အရှေ့ သို့မဟုတ် အလယ်မှာ ထားပါ။
✅ Link ကနေတဆင့် ticket ရောင်းချတာကို Facebook ကနေ ရိုးရိုး free registration ထက် ၂ဆလောက် ပို promote လုပ်ပေးပါတယ်။ Ticket ရောင်းချတဲ့ page တွေကိုပြန်ညွှန်းတာထက် direct link တွေလုပ်ပေးတာက 20% လောက်ပိုလျင်မြန်ပြီး အရောင်းသွက်ပါတယ်။ ဒါကြောင့် ticket ရောင်းမယ်ဆို direct link တွေပြုလုပ်ထားတာက အကောင်းဆုံးပါပဲ။

?? 5. Content တွေရေးတဲ့အခါမှာ ဂရုစိုက်ပါ။
Post engagement တွေများတာက ကိုယ်တင်လိုက်တဲ့ post တွေကို လူတွေဘယ်လောက်မြင်လဲ ဆိုတာပေါ်မှုတည်ပါတယ်။ Engagement များချင်ရင်တော့ post တွေမှာပုံပါအောင်ထည့်ပေးပါ။ Ticket sell ကိုလည်း lifestyle content တွေ၊အခြား အကြောင်းအရာတွေရေးပြီး ရောင်းတာပိုပြီး လူတွေစိတ်ဝင်စားစေပါတယ်။ ဒီနေရာမှာ လုပ်ဆောင်သင့်တာတွေကတော့
✅ Social network တစ်ခုချင်းစီအတွက် သီးသန့် content တွေကို မတူညီတဲ့style နဲ့ရေးသားဖို့လိုပါတယ်။ Social media တိုင်းမှာ မတူညီတဲ့ audience တွေရှိကြတာပါ။ ဥပမာပြောရရင် Twitter မှာဆို စာလုံးရေ ၁၀၀ကျော်လောက်ပဲရေးလို့ရပါတယ်။ ဒီလိုစာလုံးရေအကန့်အသတ်ထဲမှာ တိုတိုနဲ့ထိမိတဲ့ content ရေးဖို့ိလိုပြီး LinkedIn လို platform မှာတော့ professional ဖြစ်တဲ့ စာလုံးအသုံးအနှုန်း၊ style ရေးသားရမှာဖြစ်ပါတယ်။
✅ Post တွေမှာ ပုံတွေထည့်ပေးပါ။ ပုံနဲ့ video တွေတင်ပေးတာက ဒီတို်င်းစာချည်းပဲတင်တာထက် ပိုပြီး engagement များပါတယ်။ အရင်ကလုပ်ခဲ့ဖူးတဲ့ event တွေရှိရင် အဲ့ဒီအချိန်က ပုံတွေကိုပြန်သုံးပါ။ အကယ်၍ event ကို လူသိများတဲ့ speaker တွေ၊ influencer တွေတက်ရောက်မယ်ဆိုရင်လည်း ဒီပုံတွေကို post တင်ခြင်းဖြင့် audience ရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ပါတယ်။ Memes တွေ လုပ်တာ ၊ GIF လေးတွေလုပ်တာကလည်း ထိရောက်တဲ့ content တွေပါပဲ။

?? 6. Social media tools တွေသုံးပါ။
Social media tool တွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ဘယ်လိုသုံးမလဲ၊ ဘယ်အရာတွေကိုသုံးရမလဲ၊ ROI ဘယ်လိုတိုင်းတာမလဲစတဲ့အခက်အခဲတွေရှိပါတယ်။ ဒီနေရာမှာ အချိန်ကုန်သက်သာပြီး ပိုထိရောက်တဲ့ tool ၂ခုရှိပါတယ်။
✅ Post တွေကို schedule ပေးထားပါ။ ကျွန်တော်တို့ဟာ တချိန်လုံး online ဖြစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် post တွေကို စနစ်တကျဖြစ်ဖို့ အချိန်အတိအကျမှာ တင်နိုင်အောင်လို့ schedule ပေးထားတာအကောင်းဆုံးပါပဲ။
✅ Content curation platform တွေကိုအသုံးပြုပါ။ ဒီ platformမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ content တွေကို ရှာတွေ့နိုင်ပါတယ်။ ကိုယ်ရေးချင်တဲ့အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ blog post တွေ၊ video တွေ အမှတ်အသားလုပ်ထားပြီး ကိုးကားရေးသားနိုင်ပါတယ်။

?? 7. Social media ပေါ်မှာ ပြိုင်ပွဲလေးတွေလုပ်ပေးပါ။
ပွဲကိုလူတွေသတိထားမိအောင်လုပ်တာက content တွေရေးတာနဲ့တင်မလုံလောက်ပါဘူး။ user တွေဖက်ကလည်း ကိုယ့်ပွဲကို သတိထားမိပြီး သူတို့ကနေတဆင့် share တာက ပိုလူသိများစေပါတယ်။ Page တစ်ခုတည်းကိုပဲ အားကိုးနေရုံနဲ့ မလုံလောက်သေးပါဘူး။ ဒီလို contest လေးတွေလုပ်တဲ့နေရာမှာလည်း သတိထားဖို့လိုပါတယ်။ ကိုယ်လုပ်မယ့် event ရဲ့ image မကျအောင်၊ negative view တွေကနေဝေးအောင် သတိထားပါ။ ဒါ့အပြင် social media contest တိုင်းကလည်း အရမ်းအောင်မြင်နိုင်တာမဟုတ်ပါဘူး။

?? 8. Influencer တွေနဲ့ ကြေငြာပါ။
85% သော marketer တွေက influencer marketing ကို 2017လောက်ကနေစပြီး အသုံးပြုလာကြပါတယ်။ Event ကိုတက်ရောက်မယ့်သူများလာဖို့၊ လူတွေပိုစိတ်ဝင်စားလာဖို့အတွက် သက်ဆိုင်တဲ့ Industry ထဲက influencer တွေနဲ့ ရင်းနှီးနေဖို့လိုပါတယ်။
Influencer marketing က အနည်းငယ် စိန်ခေါ်မှုရှိတဲ့ strategy တစ်ခုဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ လူတွေက ဘယ်လို influencer တွေကိုသဘောကျလဲ၊ ဘယ် Influencer တွေက event နဲ့ သင့်တော်မလဲစတဲ့အခြေခံကျတဲ့အချက်တွေကို သိထားဖို့လိုပါတယ်။

?? 9. Social media ads တွေ၊ campaign တွေပြုလုပ်ပါ။
ပုံမှန်အတိုင်းဆိုရင်တော့ event ကို Facebook ရဲ့ 2% , 3% လောက်ကပဲ မြင်ရတာပါ။ ဒါကြောင့် လူတွေဆီရောက်သွားဖို့ဆိုရင် campaignတွေ လုပ်ဖို့၊ boost လုပ်ဖို့၊ ads တွေလုပ်ဖို့ လိုအပ်ပါတယ်။
Social media ads တွေမှာ engagement ပိုများဖို့ဆိုရင်
✅ လူတွေကို စွဲဆောင်နိင်တဲ့ ပုံ၊ Video ပါရပါမယ်။
✅ တိုပြီးလူတွေနားစွဲစေမယ့် စာသားတွေထည့်ရေးပါ။
✅ ထိမိတဲ့ခေါင်းစဉ်
✅ အပိုစာသားတွေ အများကြီးမသုံးပါနဲ့။ (ဥပမာ – “Buy Ticket”)
✅ Link တွေကို ဖော်ပြပါ။ ( ဥပမာ – ““ Click here to buy ticket””)

?? 10. Snapchat geofilter or Facebook frames တွေဖန်တီးပါ။
Snapchat ကတော့ ဒီမှာသုံးကြတဲ့သူတွေရှိပေမယ့် စီးပွားရေးအတွက်တော့မဟုတ်ကြပါဘူး။ တကယ်လို့ event အတွက် အသုံးပြုလိုတယ်ဆိုရင် တက်ရောက်လာမယ့်သူတွေအတွက် Snapchat geofilter လေးတွေလုပ်ပေးပါ။ ဒါကအချိန်ကုန်၊ငွေကုန်သက်သာပါတယ်။
ဒါမှမဟုတ် facebook frame တွေဖန်တီးပြီး လူတွေရဲ့ စိတ်ဝင်စားမှုကိုရယူနိုင်ပါတယ်။ Profile တွေမှာ frame ထည့်ပြောင်းထားတာက လူတွေပိုသိစေပြီး လုပ်ရတာလည်း သိပ်မခက်ခဲပါဘူး။

?? 11. Event လုပ်တဲ့နေ့မှာ Live လွှင့်ပါ။
Event တစ်ခုလုံးကို live လွှင့်စရာမလိုပါဘူး။ နောက်ကွယ်ကဖြစ်ရပ်လေးတွေ၊နောက် ဧည့်သည်တွေလာတာမျိုးတွေ၊ interview session တွေကို Live လွှင့်ပါ။
✅ Live video တွေက ပိုပြီး engagement ကောင်းပါတယ်။ User တွေဟာ live လွှင့်နေတဲ့အချိန်မှာ ၃ဆလောက်ပိုအချိန်ပေးကြည့်ရှုကြပြီး comment ၁၀ခုလောက်ကိုဝင်ရေးနိုင်ခြေရှိပါတယ်။
✅ Live video တွေကြောင့် တက်ရောက်တဲ့သူတွေပိုများနိုင်ပါတယ်။ ၃၀ရာခိုင်နှုန်းသောလူတွေဟာ live video ကိုကြည့်ပြီး နောက်လုပ်မယ့်ပွဲတွေမှာ လာချင်ကြပါတယ်။
✅ Live လွှင့်တာ အကုန်အကျသက်သာစေပါတယ်။

?? 12. ကိုယ့်ရဲ့ social media activity တွေကို တိုင်းတာပါ။
Event ဟာ social media platform တွေမှာ အရှိန်ရလာတာနဲ့အမျှ post တွေရဲ့အခြေအနေ followers တွေရဲ့အခြေအနေတွေကို ခံစားသိရှိလာရမှာပဲဖြစ်ပါတယ်။ ဒီလိုနည်းတွေနဲ့ ticket တွေရောင်းတဲ့အခါမှာ strategy တွေကိုပြောင်းလဲအသုံးချလာနိုင်မှာပါ။
ဒါဆိုရင် ဘာတွေကိုကြည့်ပြီး activity တွေကိုတိုင်းတာမှာလဲ?
✅ Engagement rate -–Trend ဖြစ်နေတာကိုကြည့်ပြီး content တွေ create လုပ်ပါ။ နောက်ပြီး လူတွေစိတ်ဝင်စားခဲ့တဲ့ post တွေကို newfeed မှာထပ်ပေါ်နေအောင်ပြန်တင်ပါ။
✅ Clicks -–User တွေက ticket ရောင်းချမယ့် Link ကို ဘယ်နှယောက် click လုပ်သလဲဆိုတာကြည့်ပါ။
✅ Sales – လက်မှတ်ဘယ်လောက်ရောင်းရပြီလဲဆိုတာကို တိုင်းတာပါ။
✅ Return on Investment – တကယ်လို့ ငွေပေးချေရတဲ့ ads တွေနဲ့ ကြေငြာထားတယ်ဆိုရင် ပေးလိုက်ရတဲ့ပမာဏနဲ့ engagement ပမာဏကိုကြည့်ပါ။

Event တစ်ခုကို လူတွေကြားထဲ တဟုန်ထိုး အောင်မြင်သွားအောင်လုပ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စရပ်မဟုတ်ပါဘူး။ Social media ကနေတဆင့် ပွဲကို promote လုပ်တာဟာ ခုခေတ်မှာ အတော်များများပြုလုပ်လာကြပါတယ်။ အသုံးပြုတဲ့သူတွေလည်း များတဲ့အလျောက် awareness ရဖို့လည်း လွယ်ကူတာကြောင့် အလွန်အရေးပါလာပြီ။

Facebook ကနေတစ်ဆင့် စီးပွားရေးကို အတော်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လို့ရလာပြီဖြစ်တဲ့အတွက် အမြဲ update ဖြစ်ပြီး လေ့လာနေဖို့လိုအပ်ပါတယ်။ ဒီလိုနည်းပညာခေတ်ကြီးထဲမှာ Digital marketing နဲ့ social media ပေါ်မှာ လူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်းများကို လူအများဆီသို့ နည်းစနစ်မှန်ကန်စွာနဲ့ အချိန်တိုအတွင်းထိရောက်စွာ ကြေငြာပေးနိုင်ဖို့အတွက် ကျွန်တော်တို့ MEH ရဲ့ Professional Digital Marketing Team မှ တာဝန်ယူပေးပါရစေ။ အသေးစိတ်သိလိုပါက 09 954000092 (သို့) soess@poppatech.com သို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။