Teambuilding event များအတွက် လိုအပ်မယ့်အချက် (၄)ချက်

Teambuilding event ဆိုတာကတော့ အလုပ်လုပ်တဲ့အခါမှာ အဖွဲ့ဝင်တွေအကုန် တက်ကြွစွာနဲ့ လုပ်ကိုင်နိုင်ဖို့၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်ခြေတွေ ကောင်းမွန်လာအောင်လို့လုပ်ပေးတာမျိုးပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုအချက်တွေလိုအပ်မလဲဆိုတာကို Myanmar Event Hub ကနေ ဒီအပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်…
Set goals.
အဓိကအရေးကြီးတာက ရည်ရွယ်ချက်ပါပဲ။ ခုလို teambuilding event တွေလုပ်ရတာက အဖွဲ့ဝင်တွေကြားထဲမှာ ပိုရင်းနှီးဖို့ရစေဖို့ဖြစ်ပါတယ်။ ဒါကြောင့် သေချာတဲ့ရည်ရွယ်ချက်တစ်ခုရှိထားဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေကိုစီစဉ်တော့မယ်ဆိုရင် မေးသင့်တာက ပြုလုပ်ချင်ရတဲ့အကြောင်းအရင်းနဲ့ ဖြစ်ချင်တဲ့အကြောင်းအရာပါပဲ။
Company အတွက် မှန်ကန်တဲ့ activities တွေကိုရွေးချယ်ရပါမယ်။
ရည်ရွယ်ချက်ကိုသိရပြီဆိုရင် company နဲ့ကိုက်ညီတဲ့ activities တွေကို ရွေးချယ်ရပါမယ်။ ခုလိုရွေးချယ်တဲ့နေရာမှာ company ဖက်ကလုပ်ချင်တဲ့ activities တိုင်းကိုလုပ်ပေးလို့လည်းအဆင်မပြေပါဘူူး။ Activities တွေကတော့ ဂိမ်းဆော့တာတွေ၊မေးခွန်းတွေဖြေတာတွေအများကြီးရှိပေမယ့် လုပ်ငန်းအမျိုးအစားပေါ်လိုက်ပြီး ပြင်ဆင်ပေးရမှာပါ။ ဥပမာပြောရရင် လူတိုင်းနဲ့ ကိုက်ညီတဲ့ အစီအစဉ်တွေကိုရွေးချယ်ရပါမယ်။ ဒါ့အပြင် အသက်အရွယ်အပိုင်းအခြား ၊ Gender , job type, position တွေကိုလည်း ထည့်စဉ်းစားဖို့လိုပါတယ်။ Trend ဖြစ်နေတယ်၊ သူများလုပ်တိုင်းလုပ်နေစရာမလိုပဲ လုပ်ငန်းနဲ့ ဝန်ထမ်းများနဲ့ ကိုက်ညီတာကို စီစဉ်ပေးရမှာပါ။
အဖွဲ့တစ်ဖွဲ့မှာ လူဦးရေနည်းနည်းပဲထားပါ။
ဂိမ်းတွေဆော့မယ်၊ activities တွေလုပ်တဲ့အခါမှာ တတ်နိုင်သလောက် လူဦးရေနည်းနည်းနဲ့ဖွဲ့ပါ။လူတွေအရမ်းများသွားရင် ပါဝင်လိုက်ရမှာမဟုတ်ပါဘူး။ အရမ်းအဖွဲ့ဝင်နည်းသွားလွန်းရင် မကောင်းပါဘူး။ ဒါကြောင့် company ရဲ့ လူဦးရေအပေါ်လိုက်ပြီး team ဖွဲ့ဖို့အရေးကြီးပါတယ်။ အဖွဲ့ဝင်တိုင်းဟာပါဝင်လုပ်ဆောင်ဖို့လိုပါတယ်။
အဓိပ္ပာယ်ရှိပါစေ။
ခုလို teambuilding activites တွေလုပ်တာက အဖွဲ့ဝင်တွေကို Motivate ဖြစ်အောင်၊ အလုပ်မှာ ပျော်အောင်၊ ပိုပြီး idea တွေထွက်လာအောင်လုပ်တာပါပဲ။ ဒါကြောင့် အားလုံးပျော်ရဖို့ ၊ပါဝင်ရဖို့ အလွန်အရေးကြီးပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီအတွက်ရော၊ အဖွဲ့အတွက်ရော အဓိပ္ပာယ်ရှိနေဖို့လိုအပ်ပါတယ်။