မင်္ဂလာမနက်ခင်းမှာ စိတ်အေးစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာများ

ဝါကျွတ်အခါသမယမှာ မင်္ဂလာဆောင်ပြုလုပ်ကြမယ့် အမျိုးသမီးလေးများအတွက် အခုအပတ်မှာ Myanmar Event Hub ကနေ ပြောပြသွားပါမယ်။ မင်္ဂလာပွဲမလုပ်ခင်မှာ ပွဲအတွက်ပြင်ဆင်စရာတွေ များသလို စိတ်အိုက်ရမယ့် အချိန်တွေလည်းရှိမှာပါပဲ။ ဒါပေမယ့် မင်္ဂလာပွဲနေ့မှာတော့ သတို့သမီးလေးတိုင်းက အလှဆုံးဖြစ်ချင်ကြတာပဲ။ မင်္ဂလာပွဲနေ့နီးလာလေလေ စိတ်လှုပ်ရှားမှုတွေလည်း များလာလေပဲဖြစ်တာကြောင့်
ပွဲနေ့မရောက်ခင်မှာ စိတ်အေးအေး၊ သက်တောင့်သက်သာနဲ့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာလေးကို ပြောပြပေးသွားမယ်နော်..
1. စောစောအိပ်ယာဝင်ပါ၊ ပထမဆုံးအနေနဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ အိပ်ယာစောစောဝင်ပါ။ စိတ်လှုပ်ရှားတာက အိပ်မပျော်ပဲဖြစ်စေတာကြောင့် စိတ်သက်သက်သာသာ ထားအိပ်ပါနော်..
2. ဝတ်စုံနဲ့ accessories တွေကို အသင့်ထုတ်ထားပါ၊ မနက် မင်္ဂလာပွဲမှာဝတ်မယ့် dress, shoe နဲ့ ဝတ်ဆင်မယ့် လက်ဝတ်ရတနာတွေကို တစ်ခါတည်း အသင့်ပြင်ထားပါ။ ပွဲနေ့ရောက်မှ အလောတကြီးမပြင်ဆင်ရတော့ဘူးပေါ့ ..
3. လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ၊ စိတ်တင်းကျပ်နေတာတွေပျောက်အောင် တရားထိုင်တာ၊ yoga ကျင့်တာမျိုးကို အချိန်ခနလောက်လုပ်ပေးပါ။ စိတ်လှုပ်ရှားတာတွေ လျော့ကျစေပါတယ်။
4. အစားစားဖို့မမေ့ပါနဲ့။ သတို့သမီးတွေအတော်များများက စိတ်လှုပ်ရှာ်းလို့ဘာမှမစားနိုင်တာမျိုးဖြစ်တတ်ကြပါတယ်။ ဒါကြောင့် အသီးအရွက်၊ဒိန်ချဉ် စတဲ့ အစားအစာတွေကို စားသုံးပါ။ အဆီများပြီး ပြည့်အင့်စေမယ့် အစားအသောက်တွေကိုတော့ ရှောင်စားဖို့လိုပါတယ်။
5. ကိုယ့်ကိုယ်ကို ပြုစုပါ။ စိတ်သက်သာစေဖို့အတွက် ရေနွေးနွေးနဲ့ရေချိုးပါ။
6. Hair and makeup အတွက် ပြင်ဆင်ချိန်ပေးပါ၊ မင်္ဂလာပွဲမတိုင်ခင် ညမှာ ခေါင်းလျှော်ထားဖို့လိုအပ်ပါတယ်။ မိတ်ကပ်ဆရာမရောက်ခင်မှာလည်း skin care လုပ်ထားပါ။ hair and makeup artist တွေကို မင်္ဂလာပွဲချိန်ကို ကြိုတင်ညှိနှိုင်းပြီး စောစောပြင်ဆင်ထားတာက ပိုကောင်းပါတယ်။
7. ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ဝတ်စုံဝတ်ပါ။မင်္ဂလာဝတ်စုံမဝတ်ခင်မှာ သက်တောင့်သက်သာဖြစ်စေတဲ့ bridal pajama သို့မဟုတ် ပိုးသား၊ချည်သား ဂါဝန်လေးတွေဝတ်ပါ။ ဓာတ်ပုံရိုက်ရင်လည်း ကပိုကရိုလေးနဲ့လှနေအောင်လို့ပေါ့..
8. စိတ်ရောလူရော လန်းဆန်းစေမယ့် aroma သို့မဟုတ် ကိုယ်သဘောကျတဲ့အနံံ့လေးတွေပါတဲ့ ဖယောင်းတိုင်၊ room diffuser တွေကို အခန်းထဲမှာ ထည့်ထားပါ။
9. သီချင်းချိုချိုလေးတွေနားဆင်ပါ။
10. မင်္ဂလာပွဲမကျင်းပခင်မှာ စိတ်လှုပ်ရှားနေတာတွေပျောက်အောင် bridal party အသေးစားလေး လုပ်ပါ။
11. မင်္ဂလာပွဲအတွက် လုပ်သင့်တဲ့အစီအစဉ်တွေကို ပွဲကျင်းပမယ့်ရက်နီးကပ်လာရင် အသစ်တွေမလုပ်သင့်တော့ပါဘူး။ စီစဉ်စရာရှိတာတွေ၊ပြန်စစ်ဆေးသင့်တာတွေကို မင်္ဂလာပွဲနေ့မတိုင်ခင်က ကြိုတင်ပြင်ဆင်ထားပါ။
12. တကယ်လို့ အရမ်းစိတ်လှုပ်ရှားတတ်တဲ့သတို့သမီးလေးတွေဆိုရင် ကိုယ့်ကိုအားပေးမယ့် သူငယ်ချင်း၊ မိသားစုတွေနဲ့ အရင်တွေ့ပါ။
13. အချိန်ပိုထားရှိပါ။ အလှလည်းပြင်ပြီး ဝတ်စုံတွေလည်းဝတ်ပြီးပြီဆိုရင်တော့ အရင်ဆုံးခန်းမထဲမရောက်ခင် အချိန်ခနလောက်ယူပါ။
တစ်သက်တစ်ခါတည်း ကျင်းပရမယ့် မင်္ဂလာပွဲလေးကိုတော့ စိတ်ဖိစီးမှုကင်းကင်းနဲ့ ဖြတ်သန်းဖို့အရေးကြီးတယ်နော်.. ခုဖော်ပြခဲ့တဲ့အချက်လေးတွေကတော့ သတို့သမီးလေးတွေအတွက် အရေးပါမယ့်အချက်လေးတွေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်..