Product and Service Research for Events

Corporate event တွေစီစဉ်ရတော့မယ်ဆိုရင် ကိုယ့်ရဲ့client နဲ့ပတ်သတ်ပြီးတော့ product / service research လုပ်ဖို့လိုအပ်လာပါပြီ .. Research အပေါ်လိုက်ပြီး event planning လုပ်တဲ့အခါမှာ ပိုထိရောက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် လုပ်ကိုလုပ်သင့်တဲ့ အချက်ထဲမှာပါပါတယ်။
ပထမဆုံးအနေနဲ့ client က ဘယ်လို product မျိုးကို ရောင်းချတာလဲ? ဘယ် service မျိုးကို promote လုပ်တာလည်းဆိုတာ သိရပါမယ်။
Product/service နဲ့ပတ်သတ်ပြီး ဘယ်လို branding လုပ်ချင်တာလဲ? ဒီနေရာမှာ သူ့ရဲ့ brand image ကိုလည်း သိထားဖို့လိုအပ်ပါသေးတယ်။
ဒါ့အပြင် ဈေးကွက်ထဲမှာ ဘယ်လိုအတိုင်းအတာရှိလဲ၊ market value ကိုလည်းလေ့လာရပါမယ်။
Product/service ရဲ့ features တွေ၊ တကယ်အသုံးပြုနေတဲ့ customer တွေ၊ တခြား ဈေးကွက်ထဲရှိ အပြိုင် brand တွေနဲ့ယှဉ်ရင် အားသာချက်၊အားနည်းချက် ( SWOT) တွေကို သိရပါမယ်။
Client ဖက်က product or serviceရဲ့ SWOTကို သိမှာသာ ကိုယ့်ရဲ့event မှာ ဘယ်လိုထိရောက်တဲ့နည်းလမ်းတွေအသုံးပြုနိုင်မလဲဆိုတာ သိရှိလာမှာပဲဖြစ်ပါတယ်။

#myanmareventhub
#eventonlinemedia
#DigitalMarketing