YouTube နဲ့ event marketing

Youtube ပေါ်မှာ ကိုယ့်ရဲ့ brand or event ကို promote လုပ်တော့မယ်ဆိုရင် စဉ်းစားရမှာက content ပါ.. မှန်ကန်တဲ့ content ကိုရွေးချယ်ဖို့လိုအပ်ပါတယ်။ ဖျော်ဖြေရေးပုံစံ trend ဖစ်နေတဲ့ စာအရေးအသားမျိုးဖက်ကို ရေးမှာလား ဒါမှမဟုတ် promotional content ပုံစံဖြစ်တဲ့ ပြောပြချင်တဲ့ information တွေကိုပဲတိုက်ရိုက်ပေးသွားမှာလားဆိုတာ စဉ်းစားဖို့လိုပါတယ်။ Events တွေအတွက်ဆိုရင် အရင်က ကျင်းပခဲ့ဖူးတဲ့ events တွေကို video short clip လေးတွေလုပ်ပေးခြင်းအားဖြင့် promote လုပ်နိုင်ပါတယ်..

YouTube ဆိုတာ video sharing platform ဖြစ်တာကြောင့် event/brand ကို promote လုပ်တဲ့အခါမှာ ထိရောက်တဲ့ video title သုံးဖို့အရေးကြီးပါတယ်။ Event နဲ့ကိုက်ညီတဲ့ keywords နဲ့ content တွေဖြစ်ရပါမယ်။
နောက်တစ်ခုက tags တွေပါ.YouTube မှာက စာလုံးရေ ၄၀၀ အထိ tags တွေထည့်လို့ရပါတယ်။အဲ့ဒီ tags တွေထဲမှာလည်း events/brands ရဲ့ video နဲ့ကိုက်ညီမယ့် keywords တွေထည့်ပြီးသုံးပါ. video descriptions ကိုလည်း အရှေ့က content နဲ့ အညီ ရေးရပါမယ်. ဒါပေမယ့် keywords တွေ ပြည့်ကျပ်ပြီးထပ်မနေစေဖို့ သတိထားရပါမယ်။

Clickbait တွေကို ရှောင်ဖို့လိုပါတယ်။ Clickbait ဆိုတာက video title နဲ့ video အတိုလေးတွေ ကြေငြာအဖြစ်တက်လာတာမျိုးပါ။ YouTube ကြည့်တာပဲဖြစ်ဖြစ် တခြား social media တွေ website တွေ သုံးတာပဲဖြစ်ဖြစ် ပေါ်လာလေ့ရှိပါတယ်။ Clickbait တွေက အသုံးပြုသူတွေ စိတ်ဝင်စားမယ့်ခေါင်းစဉ်လေးတွေနဲ့ဆိုတော့ views တက်လာလေ့ရှိပေမယ့် သတင်းအမှားတွေပေးတတ်တဲ့အပြင် ခဏတာပဲ လူတွေကကြည့်မိတာကြောင့် နောင် clickbait တွေမလုပ်တော့ရင် view ကျသွားလေ့ရှိတယ်။ ဒါကြောင့် clickbait ကို ကြေငြာတဲ့နေရာမှာ ရှောင်သင့်ပါတယ်။

Influencers တွေနဲ့ video ပြုလုပ်တာဟာ event marketing အတွက် အထောက်အကူပြုပါတယ် Event မှာပါဝင်မယ့် influencers တွေ၊ celebrities တွေကို ထည့်သွင်းတာဟာ right audience တွေကို ဆွဲဆောင်နိုင်မှာပါပဲ.. Engagement လည်း ပိုကောင်းနိုင်တဲ့အပြင် တခြား audience တွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရနိုင်ပါတယ်..
Events တွေအတွက် YouTube channel တစ်ခုရှိထားခြင်းဟာ အသုံးဝင်ပါတယ်။ ဘယ်လို audience ကို အဓိကထားပြီး ကြေငြာသွားမှာလဲဆိုတာရဲ့နောက်မှာ စိတ်ဝင်စားလောက်မယ့် content အရေးအသားနဲ့ ထိမိတဲ့ videos တွေဖြစ်ဖို့ လိုပါတယ်။ Events တွေအတွက်သာမကပဲ business အတွက်၊ brand တွေအတွက်လည်း YouTube channel က marketing အတွက် အထောက်အကူပြုမှာပါ..

Source from eventsforce.