ပွဲအတွက် Budget ကိုစီမံခန့်ခွဲနိုင်ဖို့နည်းလမ်းတွေ ပွဲစီစဉ်သူတွေတွေ့ကြုံရတဲ့ challenge တစ်ခုကတော့ Budget ပါပဲ။ ပွဲပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးကိုဘယ်လိုလောက်ငအောင်၊အပိုမကုန်ပဲ စီစစ်အောင်သုံးစွဲနိုင်ဖို့အတွက် နည်းလမ်းတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစီစဉ်ရာမှာကြုံတွေ့ရတဲ့ကိစ္စရပ်တွေဟာ တကယ်တော့ ပွဲမစခင်အချိန်မှာတည်းက သေချာတိုင်ပင်ဆွေးနွေးထားရင်တော့ နည်းမှာပါပဲ။ Budget ပေါ်မှုတည်ပြီးလုပ်ရတဲ့ ပွဲတွေမှာဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ပြင်ဆင်နေရင်းနဲ့မှ စိတ်ကူးပေါ်တာတွေကို လုပ်လိုက်မိတာက ငွေကြေးသုံးစွဲမှုမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် သုံးမယ့် budget ပေါ်မှုတည်ပြီး plan ဆွဲတာက အကုန်အကျနည်းစေရုံသာမက အချိန်ကုန်သက်သာစေမှာပါပဲ။ ပွဲစီစဉ်ရာမှာသုံးမယ့်ကုန်ကျစရိတ်အကြမ်းဖျဉ်း ပွဲတစ်ပွဲလုပ်မယ်လို့တွေးလိုက်တာနဲ့ ကုန်ကျစရိတ်က အရင်ဆုံးပါလာမှာပါ။ ကိုယ်တွေးလိုက်တဲ့ Idea ပေါ်မှုတည်ပြီး ပိုကုန်ကျမှာပါပဲ။ အသိသာဆုံးကတော့ အစားအသောက်ဧည့်ခံတာနဲ့နေရာငှားရမ်းတာကနေစပါတယ်။ နောက်ကုန်ကျစရိတ်တွေကတော့ ကိုယ်ချဲ့ရင်ချဲ့သလောက်ကုန်မှာပါ။ ဒီနေရာမှာ category တစ်ခုရဲ့ ကုန်ကျစရိတ်တစ်ခုတည်းကိုပဲ အကြမ်းဖျဉ်းတွက်လို့မရပါဘူး ။ဒီလို […]