ဒီတစ်ပတ် ဘာအစီအစဉ်ရှိလဲ

သူငယ်ချင်းတို့ရေ ဒီတစ်ပတ်အတွင်း အပန်းဖြေ လည်ပတ်စရာ ဘာတွေ စီစဉ်ထားပြီးပြီလဲ။ Myanmar Events Info က ဒီတစ်အတွင်း လုပ်ဆောင်လို့ရတဲ့ activities တွေကို ပြောပြချင်ပါတယ်။ ဦးဆုံး ယနေ့ည၊ နိုဝင်ဘာ ၃၀ မှာလုပ်မဲ့ November's Premium Class Music Show အကြောင်း ပြောပြချင်ပါတယ်။ ည ၇ နာရီကနေစပြီး ဖျော်ဖြေမဲ့ ဒီပွဲမှာ အဆိုတော် အာဇာနည်နဲ့ ဝိုင်းဆုခိုင်သိမ်းတို့က ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ကျိုက်ဝိုင်းဘုရားလမ်း အမှတ် ၃၃ က The Loft House မှာ ဖြစ်ပါတယ်။ ခုနေရာ သေချာချင်ရင်တော့ Nickii ( The Loft House Bar & [...]