How to Increase Attendance at Seminars and Business Events

Seminar များ၊ စီးပွားရေးနဲ့သက်ဆိုင်တဲ့ပွဲများမှာ တက်ရောက်သူတွေ များအောင် ဘယ်လိုနည်းလမ်းတွေသုံးမလဲ?? အဓိကကတော့ ကောင်းကောင်းပြင်ဆင်ထားတဲ့ပွဲတွေ၊ seminarတွေတက်ရတာကြိုက်တဲ့သူတွေ သတိထားမိအောင်လုပ်ဖို့ပါပဲ။ ကိုယ့်ဖက်ကလည်း ကျင်းပမဲ့ပွဲကို သေသေချာချာပြင်ဆင်ထားဖို့လိုပါတယ်။ ပွဲကိုတက်ရောက်ဖို့လူတွေဖိတ်ကြားထဲအခါမှာ RSVP list ဆိုတာရှိပါတယ်။သူ့ရဲ့ အရိုးရှင်းဆုံး အဓိပ္ပာယ်ကတော့ please respond ပါ။ ဖိတ်ကြားထားတဲ့ဧည့်သည်တွေထဲကမှ တက်ရောက်နိုင်တဲ့သူတွေကို List လုပ်ထားတာပဲဖြစ်ပါတယ်။ Business meeting တွေကို လာရောက်တဲ့ဧည့်သည်တွေဟာ သက်ဆိုင်ရာနယ်ပယ်ထဲက သတင်းအချက်အလက်များနဲ့ အတွေ့ွှအကြုံ၊အချိတ်အဆက်တွေလိုချင်လို့ပါ။ ဒါပေမဲ့ အအောင်မြင်ဆုံးသော meeting တွေက အံ့သြလောက်အောင်ကောင်းတဲ့ presentation တွေမှတဆင့် လာတာပါ။ တက်ရောက်လာတဲ့သူတွေအတွက် နွေးထွေးပြီး နှစ်လိုဖွယ်ရာကောင်းတဲ့ အရာတွေကို ဖန်တီးပေးတဲ့ပွဲတွေ၊ အင်မတန်ကောင်းတဲ့ decoration theme တွေ စတာတွေနဲ့အပါ်လည်း အများကြီးမှုတည်ပါတယ်။ Creat a Great […]

Benefits of Business Directory Listings

Online Directory Listing များမှာ သင်တို့ရဲ့စီးပွားရေးလုပ်ငန်းများ ဖော်ပြထားရှိခြင်း၏ အကျိုးကျေးဇူးများ ဒီနေရာမှာ ပထမဆုံးအနေနဲ့ online business directory ရဲ့ အဓိပ္ပာယ်ကိုရှင်းပြလိုပါတယ်။ Online business directory ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သတ်တဲ့ Information တွေကို တစ်နေရာတည်းမှာပဲ ရရှိနိုင်အောင် စုစည်းထားတဲ့ directory လမ်းညွှန် ကိုဆိုလိုချင်တာပဲဖြစ်ပါတယ်။ Information တွေကလည်း မိမိတို့လုပ်ငန်းနဲ့ကိုက်ညီတဲ့ အကြောင်းအချက်အလက်တွေဖြစ်ရပါမယ်။ စီးပွားရေးလုပ်တဲ့အခါမျိုးမှာ လိုအပ်တဲ့သတင်းအချက်အလက်များကို တစ်နေရာတည်းမှာပဲ အကုန်တစ်ခါတည်းရနိုင်ဖို့ဆိုတာလိုအပ်ပါတယ်။ ထိုကဲ့သို့ Listing websites များမှာ သင့်လုပ်ငန်းကို ဖော်ပြထားရှိခြင်းဟာ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ရုံသာမက ကိုယ့်ရဲ့ business partner တွေရဲ့အမြင်၊ clientတွေရဲ့အမြင်မှာလည်း ပထမဆုံး ကောင်းမွန်တဲ့အမြင်မျိုးရရှိစေနိုင်မှာပါ။ Listings websites များမှာ ဖော်ပြထားရှိခြင်းမှ ရရှိတဲ့အကျိုးကျေးဇူး […]

ပွဲစီစဉ်ရာမှာ တွေ့လေ့တွေ့ထရှိရသောအမှားများ

ပွဲစီစဉ်ရာမှာ တွေ့လေ့တွေ့ထရှိသောအမှားများ အမှားတွေကတော့ မိမိတို့ရဲ့စီးပွားရေးမှာရော၊ကိုယ်ပိုင်ဘဝမှာပါ မှားယွင်းလေ့ရှိတာပါပဲ။ အမှားတွေကနေတစ်ဆင့် သင်ကြားရမှာပါ။ဒါပေမယ့် တူညီတဲ့အမှားကို နောက်တစ်ခါထပ်မလုပ်မိဖို့ကတော့ အရမ်းအရေးကြီးပါတယ်။ ပွဲစီစဉ်ရာမှာ ရှောင်ကျဉ်ရမယ့် လိုအပ်တဲ့အချက်တွေ၊တွေ့လေ့ရှိတဲ့အချက်တွေကို ဒီအပတ်မှာပြောပြသွားမှာဖြစ်ပါတယ်။ i. Not Getting Started Early Enough (လုံလောက်တဲ့အချိန်မယူပဲစတင်ခြင်း) အချိန်ဆွဲခြင်းဟာ ဘယ်နေရာမှမကောင်းပါဘူး။ ဒီအချက်ဟာ ပွဲစီစဉ်ရာမှာ အတွေ့ရများတဲ့ အမှားတစ်ခုပဲဖြစ်ပါတယ်။ စီစဉ်ရမယ့် အရာတွေကို စောစီးစွာမပြင်ဆင်ခြင်းဟာ အနီးကပ်မှ စီစဉ်စရာရှိတာတွေကျန်နေတတ်တာမျိုးဖြစ်ပေါ်လာတတ်ပါတယ်။ ပွဲကျင်းပမဲ့ရက်ကိုရွေးချယ်ပြီးတာနဲ့ သင့်မှာပွဲအတွက်အသုံးပြုမဲ့ငွေကြေးပမာဏနဲ့ ပွဲအစီအစဉ်အကြမ်းဖျဉ်းရှိထားရပါမယ်။ ဟိုတယ်နဲ့တခြားသောပွဲကျင်းပရာနေရာတွေကို တတ်နိုင်သမျှမြန်မြန် Booking လုပ်ထားဖို့လဲလိုအပ်ပါသေးတယ်။ မဟုတ်ရင် နောက်ကျသွားလို့ Bookingနေရာမရတော့တာမျိုးဖြစ်တတ်ပါတယ်။ ပွဲမှာလာရောက်ဟောပြောမယ့်သူတွေ၊ ဖျော်ဖြေမယ့်သူတွေကို ကြိုတင်ရွေးထားပေးပါ။ပွဲမှာလိုအပ်တာတွေကို List ပြုလုပ်ထားတာကလဲ သင်ပြုလုပ်သင့်တဲ့အချက်တွေထဲကတစ်ခုပါပဲ။သင်လုပ်ဆောင်ရမယ့်အရာတွေကို deadlineတွေသတ်မှတ်ထားပါ။ဒါဆိုရင် သင့်အတွက်ပိုလွယ်ကူစေနိုင်ပါတယ်။ အချိန်မလုံလောက်ပဲ နောက်ကျမှ စီစဉ်စရာရှိတာတွေကိုစီစဉ်မိတာက အတွေ့ရဆုံးနဲ့အမှားအများဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ […]

ပွဲတစ်ပွဲဖြစ်မြောက်အောင် ဘယ်လိုစီစဉ်ကြမလဲ ???

ပွဲတစ်ခုကျင်းပဖို့ ဘယ်လိုအစီအစဉ်တွေချမလဲ ???ဘာတွေလုပ်ရမလဲ ???အရေးကြီးဆုံးက မိမိပွဲကျင်းပလိုခြင်းအကြောင်းအရာကို ဦးစွာသိရှိထားဖို့ပဲ ဖြစ်ပါတယ်။မိမိဘယ်လိုပွဲမျိုးကျင်းပချင်လဲဆိုတာပေါ်မှုတည်ပြီး အချက်တွေကတော့ ကွဲပြားသွားမှာဖြစ်ပါတယ်။အဲ့ဒီထဲကမှ Myanmar Event Hub ကနေ အဓိကကျတဲ့ အချက်(၁၀)ချက်ကို ပြောပြပေးသွားမှာပါ။ I. Develop Your Event Goal and Objectives (ကျင်းပလိုတဲ့ပွဲရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်) ပထမဆုံးအဆင့်အနေနဲ့ ဒီပွဲကို ဘာကြောင့်လုပ်ရတာလဲ? အောင်မြင်ပြီးမြောက်ဖို့ဘာတွေမျှော်လင့်ထားလဲ? စတာတွေကို ကိုယ့်ကိုယ်ကို အရင်မေးထားဖို့လိုအပ်ပါလိမ့်မယ်။ ပွဲမစခင်မှာ သင့်ရဲ့ ရည်ရွယ်ချက်၊ ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီး Paln စချရမှာဖြစ်ပါတယ်၊၊ II. Organize Your Team (အဖွဲ့လိုက်လုပ်ဆောင်ပါ)။ ဘယ်ပွဲမဆို အသေးစိတ်ကိစ္စလေးတွေထိ ဆောင်ရွက်ဖို့ အဖွဲ့အစည်းလိုအပ်ပါတယ်။ chairperson မှစ ပြီး ပွဲမန်နေဂျာ သို့ […]