Event တွေမှာ ROI ဘယ်လိုတိုင်းတာမလဲ?

ROI ရဲ့ အရှည်ကတော့ return on investment ပါ။ အရိုးရှင်းဆုံးပြောရရင် Profit နဲ့ cost ရဲ့ ratio ကိုတွက်ချက်တာပဲဖြစ်ပါတယ်။ ပွဲပြီးသွားတဲ့အခါမှာ ပွဲကိုတက်ရောက်လာတဲ့ဧည့်သည်တွေအနေနဲ့ ကျေနပ်မှုရှိတယ်ဆိုရင် ကိုယ်စီစဉ်ကျင်းပလိုက်တဲ့ပွဲက အောင်မြင်တယ်လို့ဆိုနိုင်ပါတယ်။1. ROI ဘယ်လိုတွက်သလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ပွဲဟာ လက်မှတ်ရောင်းတာမျိုး၊ registration sales တွေပါတဲ့ပွဲဆိုရင် ဒီကနေရတဲ့ အမြတ်ကိုသိချင်ရင် ROI တွက်ကြည့်တာက အလွယ်ဆုံးပါပဲ။ တွက်နည်းကလည်းရိုးရှင်းပါတယ်။ပွဲပြီးတဲ့အခါမှာ ဝင်လာတဲ့အမြတ်ငွေစုစုပေါင်း (ဒီနေရာမှာ ကုန်ပစ္စည်းရောင်းချတဲ့ပွဲတွေ၊ ticket and registration sale လုပ်တဲ့ပွဲတွေကို အဓိကဆိုလိုပါတယ်) ထဲကနေ ပွဲကျင်းပတဲ့ ကုန်ကျစရိတ်စုစုပေါင်းကို နှုတ်ပါ။ ရလာတဲ့ရလဒ်ကို ပွဲကျင်းပခဲ့တဲ့ ကုန်ကျစရိတ်စုစုပေါင်းနဲ့ထပ်စားပါ။ 100 နဲ့မြှောက်ပြီး ရာခိုင်နှုန်းပြပါ။ [(Total Sales Revenue – Total […]

Facebook ဟာ ဒီနှစ်တွေမှာ တခြား digital marketing channel တွေထက်စာရင် ပိုမိုသာလွန်နေရတဲ့ အကြောင်းအရင်း (၈)ချက်

8 Reasons Facebook Will Beat All Other Digital Marketing ChannelsFacebook ဟာ ဒီနှစ်တွေမှာ တခြား digital marketing channel တွေထက်စာရင် ပိုမိုသာလွန်နေရတဲ့ အကြောင်းအရင်း (၈)ချက်Marketing ဆိုတာဟာ စီးပွားရေးလုပ်တဲ့အခါမှာလိုအပ်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ သင့်ဟာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်တယ် ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေးကို စတင်တော့မယ်လို့ဆုံးဖြတ်ထားရင်တော့ သင့်မှာ marketing strategy တွေ ရှိဖို့လိုအပ်နေတာ အသေအချာပါပဲ။သင့်ရဲ့ လုပ်ငန်းအတွက် budget တစ်ခုချထားဖို့တော့ အရမ်းအရေးကြီးတယ်။ ဒီကနေမှ marketing channel တစ်ခုကို စအသုံးပြုပြီး Marketing လုပ်ကြည့်မယ်။ ပြီးရင် ROI (Return on Investment) ဘယ်လောက်ရင်းလိုက်လို့ အမြတ်ဘယ်လောက်ရလာသလဲဆိုတာကို ကြည့်ရမယ်။ နောက်တစ်ခုက […]

မင်္ဂလာမနက်ခင်းမှာ စိတ်အေးစေဖို့အတွက် လုပ်ဆောင်သင့်တဲ့အရာများ

ဝါကျွတ်အခါသမယမှာ မင်္ဂလာဆောင်ပြုလုပ်ကြမယ့် အမျိုးသမီးလေးများအတွက် အခုအပတ်မှာ Myanmar Event Hub ကနေ ပြောပြသွားပါမယ်။ မင်္ဂလာပွဲမလုပ်ခင်မှာ ပွဲအတွက်ပြင်ဆင်စရာတွေ များသလို စိတ်အိုက်ရမယ့် အချိန်တွေလည်းရှိမှာပါပဲ။ ဒါပေမယ့် မင်္ဂလာပွဲနေ့မှာတော့ သတို့သမီးလေးတိုင်းက အလှဆုံးဖြစ်ချင်ကြတာပဲ။ မင်္ဂလာပွဲနေ့နီးလာလေလေ စိတ်လှုပ်ရှားမှုတွေလည်း များလာလေပဲဖြစ်တာကြောင့်ပွဲနေ့မရောက်ခင်မှာ စိတ်အေးအေး၊ သက်တောင့်သက်သာနဲ့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာလေးကို ပြောပြပေးသွားမယ်နော်..1. စောစောအိပ်ယာဝင်ပါ၊ ပထမဆုံးအနေနဲ့ မင်္ဂလာပွဲမတိုင်ခင်ညမှာ အိပ်ယာစောစောဝင်ပါ။ စိတ်လှုပ်ရှားတာက အိပ်မပျော်ပဲဖြစ်စေတာကြောင့် စိတ်သက်သက်သာသာ ထားအိပ်ပါနော်..2. ဝတ်စုံနဲ့ accessories တွေကို အသင့်ထုတ်ထားပါ၊ မနက် မင်္ဂလာပွဲမှာဝတ်မယ့် dress, shoe နဲ့ ဝတ်ဆင်မယ့် လက်ဝတ်ရတနာတွေကို တစ်ခါတည်း အသင့်ပြင်ထားပါ။ ပွဲနေ့ရောက်မှ အလောတကြီးမပြင်ဆင်ရတော့ဘူးပေါ့ ..3. လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ၊ စိတ်တင်းကျပ်နေတာတွေပျောက်အောင် တရားထိုင်တာ၊ yoga ကျင့်တာမျိုးကို […]

Teambuilding event များအတွက် လိုအပ်မယ့်အချက် (၄)ချက်

Teambuilding event ဆိုတာကတော့ အလုပ်လုပ်တဲ့အခါမှာ အဖွဲ့ဝင်တွေအကုန် တက်ကြွစွာနဲ့ လုပ်ကိုင်နိုင်ဖို့၊ အဖွဲ့လိုက်လုပ်ဆောင်နိုင်ခြေတွေ ကောင်းမွန်လာအောင်လို့လုပ်ပေးတာမျိုးပဲဖြစ်ပါတယ်။ ဒါဆိုရင် ဘယ်လိုအချက်တွေလိုအပ်မလဲဆိုတာကို Myanmar Event Hub ကနေ ဒီအပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်… Set goals. အဓိကအရေးကြီးတာက ရည်ရွယ်ချက်ပါပဲ။ ခုလို teambuilding event တွေလုပ်ရတာက အဖွဲ့ဝင်တွေကြားထဲမှာ ပိုရင်းနှီးဖို့ရစေဖို့ဖြစ်ပါတယ်။ ဒါကြောင့် သေချာတဲ့ရည်ရွယ်ချက်တစ်ခုရှိထားဖို့ကတော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေကိုစီစဉ်တော့မယ်ဆိုရင် မေးသင့်တာက ပြုလုပ်ချင်ရတဲ့အကြောင်းအရင်းနဲ့ ဖြစ်ချင်တဲ့အကြောင်းအရာပါပဲ။ Company အတွက် မှန်ကန်တဲ့ activities တွေကိုရွေးချယ်ရပါမယ်။ ရည်ရွယ်ချက်ကိုသိရပြီဆိုရင် company နဲ့ကိုက်ညီတဲ့ activities တွေကို ရွေးချယ်ရပါမယ်။ ခုလိုရွေးချယ်တဲ့နေရာမှာ company ဖက်ကလုပ်ချင်တဲ့ activities တိုင်းကိုလုပ်ပေးလို့လည်းအဆင်မပြေပါဘူူး။ Activities တွေကတော့ ဂိမ်းဆော့တာတွေ၊မေးခွန်းတွေဖြေတာတွေအများကြီးရှိပေမယ့် လုပ်ငန်းအမျိုးအစားပေါ်လိုက်ပြီး […]

How to Promote an Event on Social Media in 12 Steps

Event တစ်ခုကိုsocial media ပေါ်မှာလူသိများမယ့်နည်းလမ်း ၁၂ ချက် ပွဲတစ်ပွဲကျင်းပတော့မယ်ဆိုရင် ဒီခေတ်ကြီးမှာ social media ပေါ်ကတဆင့်ကြေငြာတာက လူသိများစေနိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ 3.2 billion အရေအတွက်ရှိတဲ့လူတွေဟာ social media ကိုနေ့စဉ်အသုံးပြုကြပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးရဲ့ 42% လောက်လို့ တွက်လို့ရပါတယ်။ social media ဟာ့ ပွဲပဲဖြစ်စေ၊ ကုန်ပစ္စည်းတွေ၊ promotion တွေကို ကြော်ငြာဖို့အထိရောက်ဆုံး platform ဖြစ်တယ်လို့ ပြောကြပါတယ်။ Event တွေကို social media ပေါ်မှာ marketing လုပ်ရတာကတော့ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ targeted audience ကိုသိအောင်၊ ပွဲကို လူများအောင်၊ ticket တွေဝယ်ကြအောင်လုပ်ဖို့ဆိုတာ social media marketing strategy […]

Management Tips When Building an Event Budget

ပွဲအတွက် Budget ကိုစီမံခန့်ခွဲနိုင်ဖို့နည်းလမ်းတွေ ပွဲစီစဉ်သူတွေတွေ့ကြုံရတဲ့ challenge တစ်ခုကတော့ Budget ပါပဲ။ ပွဲပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးကိုဘယ်လိုလောက်ငအောင်၊အပိုမကုန်ပဲ စီစစ်အောင်သုံးစွဲနိုင်ဖို့အတွက် နည်းလမ်းတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပွဲစီစဉ်ရာမှာကြုံတွေ့ရတဲ့ကိစ္စရပ်တွေဟာ တကယ်တော့ ပွဲမစခင်အချိန်မှာတည်းက သေချာတိုင်ပင်ဆွေးနွေးထားရင်တော့ နည်းမှာပါပဲ။ Budget ပေါ်မှုတည်ပြီးလုပ်ရတဲ့ ပွဲတွေမှာဆိုရင် ပိုပြီးသတိထားသင့်ပါတယ်။ ပြင်ဆင်နေရင်းနဲ့မှ စိတ်ကူးပေါ်တာတွေကို လုပ်လိုက်မိတာက ငွေကြေးသုံးစွဲမှုမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် သုံးမယ့် budget ပေါ်မှုတည်ပြီး plan ဆွဲတာက အကုန်အကျနည်းစေရုံသာမက အချိန်ကုန်သက်သာစေမှာပါပဲ။ ပွဲစီစဉ်ရာမှာသုံးမယ့်ကုန်ကျစရိတ်အကြမ်းဖျဉ်း ပွဲတစ်ပွဲလုပ်မယ်လို့တွေးလိုက်တာနဲ့ ကုန်ကျစရိတ်က အရင်ဆုံးပါလာမှာပါ။ ကိုယ်တွေးလိုက်တဲ့ Idea ပေါ်မှုတည်ပြီး ပိုကုန်ကျမှာပါပဲ။ အသိသာဆုံးကတော့ အစားအသောက်ဧည့်ခံတာနဲ့နေရာငှားရမ်းတာကနေစပါတယ်။ နောက်ကုန်ကျစရိတ်တွေကတော့ ကိုယ်ချဲ့ရင်ချဲ့သလောက်ကုန်မှာပါ။ ဒီနေရာမှာ category တစ်ခုရဲ့ ကုန်ကျစရိတ်တစ်ခုတည်းကိုပဲ အကြမ်းဖျဉ်းတွက်လို့မရပါဘူး ။ဒီလို […]